NewsPolitic

မင်းပြားကို စကမ ဗုံးကြဲ၊ ၃ ဦးသေ ၁၀ ယောက်ကျော် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့ မြို့သစ်ရပ်ကွက်ကို စစ်ကော်မရှင်က ဒီကနေ့ည ၈ နာရီကျော်မှာ ဗုံးတလုံး ကြဲချခဲ့လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“မိုးထိအောင် ကိုယ်ပိုင်အထက်တန်းကျောင်းနားကို ကျတယ်လို့ပဲ သိရသေးတယ်။ အိမ်က သူတွေနဲ့ အဆက်အသွယ် မရသေးဘူး။ အခုကျတဲ့နေရာက ကျနော့် အိမ်နားမှာ ကျနော်တော့ စိတ်ပူလို့ သေတော့မတတ်ပဲ” လို့ မလေးရှားနိုင်ငံရောက် မင်းပြားသားတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဒီကနေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ကို လက်နက်ကြီးနဲ့ပစ်၊ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မင်းပြားသတင်းနဲ့ ပတ်သက်ပြီး အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

စစ်တွေမှာ မိုးတွင်းကာလကထက် အလုပ်အကိုင်တချို့ ပြန်ရလာ

Rakhita Times

သိမ်းပိုက်နယ်မြေတွေကို AA က ပြန်ပေးစရာမလို၊ TNLA က ပြန်ပေးရနိုင်

Rakhita Times

စစ်တွေ စစ်မျက်နှာတွင် AA တပ်ရင်းမှူး ဗိုလ်မှူး တဦး ကျဆုံး

Rakhita Times

226 comments

Leave a Comment