NewsPolitic

မြောက်ဦးတွင် ခိုးရာပါ ဆိုင်ကယ်များကို ပိုင်ရှင်ဆီပြန်အပ်

အာရက္ခတိုင်းမ်စ် (၉ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးခရိုင်အတွင်း သူခိုးများက ခိုးယူထားတဲ့ ဆိုင်ကယ်များကို DLEPS တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့မှာ ၁၀ စီးကို မူလပိုင်ရှင်ထံ ပြန်ပေးခဲ့တယ်။ ၆ စီးရဲ့ ပိုင်ရှင်တော့ လာယူပေမယ့် ကျန် ၄ စီးရဲ့ ပိုင်ရှင်တော့ လာယူတာ မတွေ့ရဘူး” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အထက်ပါ ဆိုင်ကယ် ၁၀ စီးရဲ့ ပိုင်ရှင်များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်က ဖြစ်တယ်လို့လည်း သိရပါတယ်။

DLEPS အနေနဲ့ ကျန်ရှိနေတဲ့ ဆိုင်ကယ် ၄ စီးရဲ့ ပိုင်ရှင်တွေကို အချက်အလက် အပြည့်အစုံနဲ့ လာရောက်ထုတ်ယူဖို့ နှိုးဆော်ထားတယ်လို့လည်း သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း မင်းပြားမြို့နယ်တွင် သူခိုးထံမှ ဖမ်းဆီးရမိခဲ့တဲ့ ဆိုင်ကယ်တွေကို ပိုင်ရှင်တွေထံ အပ်နှံခဲ့ပါတယ်။

Photo – APM

Related posts

သံတွဲကို ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်နေ

Rakhita Times

ဆင်လန်တောင်အနီးတွင် စကမ က လက်နက်ကြီးစခန်း အခိုင်အမာတည်ဆောက်နေ

Rakhita Times

မြေပြိုကျခဲ့တဲ့ ကျောင်းသူအိပ်ဆောင် ပြန်လည်ဆောက်လုပ်ရန် အလှူငွေ လိုအပ်နေ

Rakhita Times

239 comments

Leave a Comment