NewsPolitic

ဆင်လန်တောင်အနီးတွင် စကမ က လက်နက်ကြီးစခန်း အခိုင်အမာတည်ဆောက်နေ

အာရက္ခတိုင်းမ်စ် (၁၀ မေ ၂၀၂၆)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်လန်တောင်အနီးတွင် စစ်ကော်မရှင်က လက်နက်ကြီးစခန်း အခိုင်အမာတည်ဆောက်နေတယ်လို့ သိရပါတယ်။

“ဆင်လန်စခန်းရဲ့ နောက်ဘက် ကျောက်စရစ်ကွင်း အနီးတဝိုက်မှာပါ လက်နက်ကြီးစခန်း အခိုင်အမာတည်ပြီး ညောင်ကျိုးရိုးပေါ်ကို ကျော်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်ပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာက စစ်ကော်မရှင်ရဲ့ ပင်မစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး အဆိုပါ စခန်းကို စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်ရန်အတွက် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

“ညောင်ကျိုးစခန်းကို ရောက်ရှိဖို့ လေလာတောင်ကြောဟာ သတ်ကွင်း ဖြစ်နေတာမို့ ပွိုင့် ၆၆၆ ကနေ ပုဂံကွဲဘက်ကို ထပ်မံ ထိုးဖောက်လိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာရက္ခနဲ့ ပူးပေါင်းတပ်တွေဘက်က ကပစ ၁၆ နဲ့ ၆ ကီလိုမီတာ (၄ မိုင်) အကွာအဝေးသာရှိတဲ့ ပွိုင့် ၅၀၆ စခန်းကို တန်ပြန်တိုက်စစ်ဆင်လာခဲ့ခြင်း ဖြစ်ပါလိမ့်မယ်” လို့လည်း သူက ဆိုပါတယ်။

စစ်ကော်မရှင်ဟာ မေလဆန်းက စတင်ကာ ကပစ ၆ ကနေ ညောင်ကျိုးကို လေလာတောင်ဖက်ကနေ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်က မသုန်အခြေစိုက် ကပစ ၁၆ နဲ့ တောင်ကုတ်ရိုးပေါ်ရှိ ဆင်လန်စခန်းကို စစ်ယာဉ်တန်း ၅ စီးစီ အင်အား ဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လေလာတောင်တိုက်ပွဲမှာ ဆင်လန်စခန်း အခြေပြုတဲ့ ရတခမရ ၅၈၄ တပ်ဟာ စစ်ကြောင်းလိုက် ပြုတ်သွားလို့ ယခုလို စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေနဲ့ နီးတဲ့ ပုဏ္ဏားကျွန်းက ရွာသားတွေ နေရပ်စွန့်ခွာ

Rakhita Times

စစ်တွေမှာ စက်သုံးဆီ တလီတာကို သုံးသောင်းကျော်အထိ ဈေးမြင့်တက်လာ

Rakhita Times

ကျောက်ဖြူ စနဲဘက်မှာ စကမ တပ်သား ၁၀၀ ကျော်ကျ

Rakhita Times

24 comments

Leave a Comment