NewsPolitic

ကျောက်ဖြူကို စကမ ဗုံးကြဲလို့ စစ်ရှောင်တဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ကို ဒီကနေ့ မနက်က ဗုံးကြဲချခဲ့လို့ စစ်‌ဘေးရှောင်ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“မနက်အစောကြီးမှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတာ” လို့ ကျောက်ဖြူမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် တောင်းကြီးရင်းရွာ နဲ့ ချောင်းဖျားရွာကို ဗုံးကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်ကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်း၊ ရေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo – APM

Related posts

တရုတ်ကို ဟန့်မတားနိုင်ရင် နိုင်ငံအစိတ်စိတ်အမွှာမွှာ ကွဲတဲ့အထိ ဖြစ်နိုင်

Rakhita Times

ကျောက်ဖြူစစ်ရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေ

Rakhita Times

မင်းပြားခရိုင်က ကူးတို့များ စနစ်တကျလုပ်ဆောင်ထားခြင်း ရှိ၊ မရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ဆေး

Rakhita Times

4 comments

Leave a Comment