NewsPolitic

ဦးတင်ထူးအောင်ကို မတရားအသင်း ဆက်သွယ်သူဆိုပြီးကိုယ်စားလှယ်လောင်းမှ ပယ်ဖျက်

အာရက္ခတိုင်းမ်စ် (၁၀ ဒီဇင်ဘာ ၂၀၂၅)

ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးတင်ထူးအောင်ကို မတရားအသင်းဆက်သွယ်သူဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဎ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ် လောင်း အမည်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC က နိုဝင်ဘာ ၂၁ ရက်စွဲနဲ့ စာထွက်ထားတာဖြစ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲ အပိုင်း (၁) နီးကပ်ချိန်မှ ကပ်ပြီး ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ ကတော့ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိစေရသူတွေကို ပြဋ္ဌာန်းထားတာဖြစ်ပြီး အဲဒီအထဲကမှ ပုဒ်မ ၁၀ (ဎ) ကတော့ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရတဲ့ အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့နိုင်ငံတော်က သတ်မှတ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေ(သို့မဟုတ်) အဲဒီအဖွဲ့အစည်း ဝင်တွေနဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိသူဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဒါကြောင့် ဦးတင်ထူးအောင်ဟာ မတရားအသင်း ကြေညာထားတဲ့အဖွဲ့အစည်း၊ လက်နက်ကိုင်တွေနဲ့ ဆက်သွယ်မှုရှိတာကြောင့် အခုလို ပယ်ဖျက်တာဖြစ်တယ်လို့ အဓိပ္ပါယ်သက်ရောက်တာပါ။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာကို ကြံခိုင်ရေးပါတီအပါအဝင် ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်၊ စုစုပေါင်း ၇ ဦးတို့က ယှဉ်ပြိုင်ဖို့ရှိနေတာပါ။

အဲဒီ ဝင်ရောက်ယှဉ်ပြိုင်မယ့် ၇ ဦးအနက် ဦးတင်ထူးအောင်ဟာ ရက္ခိုင်လူထုတွေရဲ့ ထောက်ခံမှုကို ပိုမိုရရှိထားတာပဲဖြစ်ပါတယ်။

အခုလို ဦးတင်ထူးအောင် မပါဝင်တော့တဲ့အတွက် ၆ ဦးသာ ကျန်ရှိတော့ပြီး ကြံခိုင်ရေးပါတီ က ကိုယ်စားလှယ်လောင်း ဦးနေမင်းထွန်း အနိုင်ရသွားဖို့ ပိုသေချာသလောက်ရှိသွားပြီလို့လည်း အချို့က သုံးသပ်ထားကြပါတယ်။

Related posts

ကျောက်ဖြူနဲ့ ရသေတောင်ကို စစ်ကောင်စီ ဗုံးကျဲ

Rakhita Times

တောင်ကုတ်တွင် စစ်ကျန်ဗုံးကြောင့် ကလေး တစ်ဦး သေဆုံး

Rakhita Times

သံတွဲမြို့သစ်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ သားအဖ ၂ ဦး သေဆုံး၊ ၂ နှစ်ကလေးပါ ၃ ဦး ဒဏ်ရာရ

Rakhita Times

442 comments

Leave a Comment