NewsPolitic

စစ်သင်္ဘောကနေ တောင်ကုတ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်၊ AA က ပြန်ပစ်လို့ ရေလယ်ကို ထွက်ပြေး

အာရက္ခတိုင်းမ်စ် (၂၃ ဧပြီ ၂၀၂၆)

စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေဟာ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ရွာနဲ့ တောင်ကုတ်မြို့နယ် ကျောင်းချောင်းရွာကြား ပင်လယ်ပြင်မှာ ရပ်နားနေပြီး တောင်ကုတ်မြို့နယ် ကလိန်တောင်ကျွန်းနဲ့ ဖောင်းခါးကျွန်းဖက်ကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောဟာ ကမ်းအနီးကို တိုးကပ်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အာရက္ခတပ်တော်က ပြန်လည်ပစ်ခတ်ရာ သင်္ဘောကို လက်နက်ကျည်ထိမှန်လို့ ရေလယ်ကို ပြန်လည်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။

ရမ်းဗြဲမြို့နယ် စကုကျွန်းနဲ့ တောင်ကုတ်မြို့နယ်ကြားတွင် ရပ်နေတဲ့ စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောကနေ ဧပြီလ ၂၁ ရက် မနက်ပိုင်းက စတင်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကလိန်တောင်ကျွန်းနဲ့ ဖောင်းခါးကျွန်းဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

အလားတူ စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောကနေ တောင်ကုတ်နဲ့ ရမ်းဗြဲမြို့နယ်တွေကို ဒရုန်းနဲ့ ကင်းထောင်ခြင်းအပြင် ဒရုန်းကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခြင်းတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Related posts

ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ၇ ယောက်ရှိ

Rakhita Times

ကျောက်တော်တွင် ၉ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

၂၀၂၅ က ရက္ခိုင်မှာ စစ်ကောင်စီ အလုံးစုံ ကင်းစင်နယ်မြေ ဖြစ်မယ်

Rakhita Times

274 comments

Leave a Comment