NewsPolitic

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဆေးလာရောက် ကုသနေတဲ့ မူဆလင်မိသားစုလေးဦး သေဆုံး

အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးလာရောက် ကုသနေတဲ့ မူဆလင်မိသားစုလေးဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆေးရုံကို စစ်ကော်မရှင်က မနေ့က (ဒီဇင်ဘာ ၁၀ ရက်)၊ ည ၉နာရီ ၁၃ မိနစ်မှာ ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိနေပြီး ၎င်းတို့အနက် ပေါက်တောမြို့နယ်က ဆေးလာရောက် ကုသနေတဲ့ မိသားစုလေးဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသူတွေဟာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ရွာက ဆေးလာရောက် ကုသနေတဲ့ မူဆလင်လူမျိူးများဖြစ်ပြီး အသက် ၅၁ နှစ်အရွယ် ဦးအာဒူဇော်လီ၊ အသက် ၄၇ နှစ်အရွယ် ဟာဆီနှင်း နဲ့ ချွေးမဖြစ်သူတို့အပြင် သူတို့ရဲ့မြေးဖြစ်တဲ့ သုံးလသားအရွယ် ကလေးငယ်တဦးတို့ ဖြစ်ပါတယ်။

ဒီကနေ့ နံနက်ပိုင်းအထိ အာရက္ခတိုင်းမ်စ်မှ ကနဦး ရရှိထားတဲ့သတင်းတွေအရ သေဆုံးသူ ၃၄ ဦးထိ ရှိပြီး အမျိုးသမီး ၁၇ ဦး၊ အမျိုးသား ၁၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်တွေက စစ်ဘေးရှောင်စခန်းအချို့ကို UN က ၁၀ သိန်းထောက်ပံ့

Rakhita Times

ဘူးသီးတောင်တွင် ULA/AA က မြေပြင်ဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေး

Rakhita Times

စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒန္တစရဏ ပျံလွန်တော်မူ

Rakhita Times

238 comments

Leave a Comment