BusinessNewsPolitic

စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချပို့ဆောင်မယ့် ပွဲစား ၃ ဦးကို ထောင် ၁၀ နှစ်စီချမှတ်

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့က အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချဖို့ လုပ်ဆောင်နေတဲ့ ပွဲစားတွေဖြစ်တဲ့ စစ်တွေမြို့၊စက်ရုံစုရပ်ကွက်က အောင်အောင်၊ သန်းလှိုင်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဝဿန်မိုမို တို့ကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ မန္တလေးတိုင်း၊ မဟာအောင်မြေ၊ ခရိုင်တရားရုံးက ပြီးခဲ့သော အောက်တိုဘာ(၃) ရက်နေ့မှာ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စစ်တွေမြို့၊စက်ရုံစု ရပ်ကွက်နေ စောသန်းမေ၊ အောင်အောင်နဲ့ သန်းလှိုင်တို့က စစ်တွေမြို့နေ အမျိုးသမီး (၈)ဦးကို တရုတ်မယားအဖြစ်ရောင်းချဖို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က (၄၉) ရပ်ကွက်နေ ဒေါ်ခင်ကြည်နဲ့ သမီးဖြစ်သူ ဝဿန်မိုမိုတို့ထံ ပို့ဆောင်ပေးခဲ့ပြီး အဲဒီကနေတဆင့် မန္တလေး၊ မန္တလေးကနေတစ်ဆင့် တရုတ်နိုင်ငံကိုပို့ဆောင်ရောင်းချဖို့ စီစဥ်နေတာဖြစ်ပါတယ်။

တရုတ်မယားအဖြစ် ၁ နှစ် ပေါင်းသင်းနေထိုင်ပါက ငွေကျပ် သိန်း ၄၀ ရမှာဖြစ်ပြီး ငွေတွေကို တရုတ်နိုင်ငံကို ရောက်ရင် ပေးမှာဖြစ်တဲ့အပြင် ခရီးစရိတ်အကုန်ကျခံပို့ဆောင်ပေးမယ့်လို့ စည်းရုံးပြောဆိုပြီး မန္တလေးမြို့ကနေ တဆင့် တရုတ်ကို ပို့ဆောင်ဖို့ စီစဉ်ခဲ့​တာ ဖြစ်ပါတယ်။

ဖမ်းဆီရမိတဲ့ တရားခံ အောင်အောင်၊ သန်းလှိုင်နဲ့ ဝဿန်မိုမိုတို့ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့မရဲစခန်း က (ပ) ၅၂/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပ​ဒေပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့်တရားစွဲတင်ခဲ့ပြီးအောက်တိုဘာ ၃ ရက်နေ့က မဟာအောင်မြေခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့​တာ ဖြစ်ပါတယ်။

တိမ်းရှောင်နေတဲ့ တရားခံ ဒေါ်ခင်ကြည်နဲ့ စောသန်းမေ တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့​တယ်လို့လည်း ဖော်ပြထားပါတယ်။

ရက္ခိုင်မှာ စစ်ပွဲဖြစ်နေတဲ့အပြင် အလုပ်အကိုင်ရှားပါးတာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့အတွက် စားဝတ်နေရေး အခက်အခဲကြောင့် ရက္ခိုင်က အမျိုးသမီးတွေအပါအဝင် ရန်ကုန်ရောက် ရက္ခိုင်အမျိုးသမီးတွေဟာ တရုတ်မယားအဖြစ်ရောင်းချခံရမှုတွေ ရှိနေပါတယ်။

စားဝတ်နေရေးကျပ်တည်းလာတာကို အခွင့်ကောင်းယူပြီး ပွဲစားတွေဟာ ရက္ခိုင်က အမျိုးသမီးငယ်တွေကိုအလုပ်ရမယ်ဆိုပြီး တရုတ်ကို ခေါ်သွားကာ တရုတ်ဇနီးမယားပြုလုပ်ဖို့ရောင်းချနေကြတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

Related posts

ရေချယ်တေဇ အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက် ဖယ်ရှား

Rakhita Times

ယမကာအခွန် AA ၅၀ ရာခိုင်နှုန်း ကောက်ခံ၊ ဆေးဝါးများကို အခွန်ကင်းလွတ်ခွင့်ပေး

Rakhita Times

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းကို ရွေးချယ်

Rakhita Times

7 comments

Casino_rwkt မတ် 24, 2026 at 5:35 မနက်

Pinco Casino открывает мир азартных развлечений с удобной платформой.
Pinco Casino
Casino Pinco предлагает честную игру и прозрачные правила.

Reply
Casino_jukt မတ် 26, 2026 at 2:25 ညနေ Reply
firsturl.de ဧပြီ 13, 2026 at 4:47 ညနေ Reply
CoreySen ဧပြီ 24, 2026 at 2:13 မနက်

Entre nous Hugo Bets donne une impression de casino moderne. https://forum.prestashop.com/profile/1987180-lionemellio/?tab=field_core_pfield_19 pres de retrait casino force aussi a penser aux conditions. Je dirais oui pour l ambiance et prudence pour le reste. Le visuel fait son effet.

Reply
https://www.quranpak.site/ မေ 4, 2026 at 6:21 မနက်

References:

Treasure island casino las vegas

References:
https://feleempleo.es/employer/1-deposit-casinos-australia-play-with-just-1-dollar/

Reply
rent yacht montenegro 727 မေ 5, 2026 at 6:21 ညနေ

yacht charter in Montenegro yacht charter in Montenegro

Reply

Leave a Comment