NewsPolitic

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG ရှုတ်ချ

အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကော်မရှင်ဟာ တိုက်လေယာဉ်များ အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု‌ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ‌သေဆုံးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးသူငယ်များ၊ မွေးလူနာများနဲ့ ဆေးကုသမှု ခံယူနေတဲ့ လူနာများ ပါဝင်နေတာကြောင့် အလွန်တရာ စိတ်ထိခိုက်ရပြီး ဝမ်းနည်း ကြေကွဲရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများရဲ့အခြေခံမူများကို ချိုးဖောက်သော အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု (War Crimes)၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (Massacre) ဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်းအရ မည်သည့်အခြေအနေတွင်မဆို လေးစားကာကွယ်ထားရမည့် အရပ်ဘက် ပစ်မှတ်ဖြစ်သော ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု မြောက်ကြောင်း၊ စစ်ဘက်နှင့် အရပ်ဘက် ပစ်မှတ်များကို ခွဲခြားသိမြင်ရမည်ဟူသော အခြေခံမူကို ဖောက်ဖျက်ကာ အပြစ်မဲ့ အရပ်သားများကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းသည် လူသား မဆန်သော လုပ်ရပ်ဖြစ်တယ်လို့ NUG က ဆိုထားပါတယ်။

မြန်မာနိုင်ငံအနှံ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အဆောက်အဦးများအပေါ် တိုက်ခိုက်မှုပေါင်း ၁,၆၀၀ ကျော် ကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စု ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများအား အရေးယူနိုင်ရန်အတွက် ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးရန်နှင့် တာဝန်ရှိသူများကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ထို့ပြင် ဒဏ်ရာရသူများကို အချိန်မီ ဆေးကုသမှုပေးနိုင်ရန် နိုင်ငံတကာ လူသားချင်း စာနာမှု အဖွဲ့အစည်းများက အကူအညီ ပေးနိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန်လည်း NUG ကဆက်လက် တောင်းဆိုထားပါတယ်။

Related posts

ရွေးကောက်ပွဲမတိုင်ခင် ဆွေးနွေးမှုလုပ်တာက ထိခိုက်ပျက်စီးမှု ပိုနည်းလာနိုင်

Rakhita Times

တရုတ်အနေနဲ့ ရက္ခိုင်တိုက်ပွဲအပေါ် ဖိအားပေးလာနိုင်လား

Rakhita Times

ခရီးသည် ၄၀၀ ခန့်လိုက်ပါလာသည့် သင်္ဘော စစ်တွေမဝင်ရ

Rakhita Times

3 comments

rent yacht montenegro 529 မေ 6, 2026 at 1:16 မနက်

sailing charter Montenegro https://rent-a-yacht-montenegro.com

Reply
Pharmafactbase ဇူလိုင် 7, 2026 at 6:13 ညနေ

canadian world pharmacy https://pharmafactbase.com/medicines/sildenafil/ canada drug pharmacy

Reply
Clearpharmacology ဇူလိုင် 8, 2026 at 5:30 မနက်

best online pharmacy for viagra https://clearpharmacology.com/rx/tadalafil/ rx online pharmacy

Reply

Leave a Comment