NewsPolitic

ကပစ ၁၄ ကို ရှော့တိုက်ဒုံးနဲ့ CDF – Asho တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၂၃ ဧပြီ ၂၀၂၆)

စစ်ကော်မရှင်အတွက် လက်နက်နဲ့ ကျည်ဆန်တွေ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်က အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ထုတ်ပြန်ပါတယ်။

ကပစ (၁၄) ကို CDF – Asho နဲ့ လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်းပြီး ဧပြီလ ၂၀ ရက် နေ့လည် ၂ နာရီမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးစက်ရုံနေရာတွေ ဦးတည်ပစ်ခတ်ခဲ့လို့ အဆောက်အဦအချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတဦးနဲ့ အခြားအဆင့် ၂ ဦး သေဆုံးခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၃ ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) အနေနဲ့ ရက္ခိုင်ပြည် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်း – ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲတွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

CDF-Asho တပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၄ ရက်ညကလည်း ငဖဲမြို့အတွင်းထိ ဝင်ရောက်ပြီး နယ်မြေစိုးမိုးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ နတ်ရေကန်ဗျူဟာနဲ့ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာလည်း မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ဝ သေဆုံးတယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။

Related posts

ကုန်ဈေးနှုန်းနဲ့ အလေးချိန် မှန်ကန်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လုပ်ဆောင်နေ

Rakhita Times

ရသေ့တောင်တွင် ၃ ရက်အတွင်း မိုင်းအလုံးရေ ၂၀၀ ခန့် AA ရှင်းလင်း

Rakhita Times

AA က သင်္ကြန်အတွက် စည်းကမ်း ၆ ချက် ထုတ်

Rakhita Times

Leave a Comment