NewsPolitic

ကျောက်ဖြူကို စကမ ဗုံးကြဲ ၈ ဦးသေ၊ ၁၀ ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ကို ဒီဇင်ဘာလ ၁၁ ရက် ညနေ ၇ နာရီခွဲ အချိန်ခန့်က စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာကနေ ဗုံး ၂ လုံးကြဲချခဲ့လို့ အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ အာရက္ခပြည် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် ညနေ ၇ နာရီ ၃၄ မိနစ်တွင် မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့သလို ဖက်စစ် အကြမ်းဖက် စစ်ကောင်စီရဲ့ ဂျက်တိုက်လေယဉ်တစီးပေါ်က ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှု ထပ်မံ ကျူးလွန်ခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ စစ်ကော်မရှင်ရဲ့ အရပ်သားပြည်သူများအပေါ် လေကြောင်းက တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်မှုကြောင့် င/လုံးစု အထက်ရွာနဲ့ အောက်ရွာအတွင်းက အပြစ်မဲ့ အရပ်သားပြည်သူ ကျား+မ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး ကျား+မ စုစုပေါင်း ၁၀ ဦးခန့် ဒဏ်ရာရရှိထားတယ်လို့ ကနဦး သတင်းအရ သိရှိထားတယ်” လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီကျော်ကလည်း ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

ပလက်ဝတွင် သုံ့ပန်းမိသားစု ၄၄ ယောက် AA ပြန်လွှတ်ပေး

Rakhita Times

ဂွမြို့နယ်ကို စကမက နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Rakhita Times

စစ်တွေထောင်ရှိ နိုင်ကျဥ်း အကျဥ်းသားအပါအဝင် အကျဥ်းသား ၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့

Rakhita Times

1 comment

fun88ninja ဒီဇင်ဘာ 25, 2025 at 11:50 မနက်

If you’re looking for a discreet and reliable way to access Fun88, fun88ninja is the way to go. Fast access and smooth gameplay are guaranteed! Check it out: fun88ninja.

Reply

Leave a Comment