NewsPolitic

ကျန်းမာရေးဌာနနဲ့ HDCO တို့အတွက် ဝန်ထမ်းခေါ်ယူမယ်လို့ APSC ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၆)

အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့တွင် လစ်လပ်လျက်ရှိနေတဲ့ ရာထူးနေရာများအတွက် ခေါ်ယူမယ်လို့ အာရက္ခပြည်သူ့ဝန်ထမ်းများရွေးချယ်ခန့်အပ်ရေးကော်မရှင် (APSC) က ထုတ်ပြန် ကြေညာထားပါတယ်။

APSC ရဲ့ ထုတ်ပြန်ချက်အရ ကျန်းမာရေးဌာန၊ ငွေစာရင်းဌာနစိတ်တွင် ဒုတိယဦးစီးအရာရှိ၊ ကျန်းမာရေးဌာနတွင် အငယ်တန်းစာရေး၊ ဒါ့အပြင် HDCO တွင် အကြီးတန်းစာရေးနဲ့ အငယ်တန်းစာရေး ရာထူးနေရာများ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ရာထူးအလိုက် သတ်မှတ်ထားတဲ့ ပညာအရည်အချင်းတွေကတော့ ဒုတိယဦးစီးအရာရှိ (ငွေစာရင်း) အတွက် B.Sc (Maths/Statistics) ဘွဲ့၊ ကွန်ပျူတာကျွမ်းကျင်မှု၊ LCCI Level 3 နဲ့ ဘဏ္ဍာရေးအတွေ့အကြုံ လိုအပ်ပါတယ်။

အငယ်တန်းစာရေး (ကျန်းမာရေးဌာန) အတွက်ကတော့ ဘွဲ့တစ်ခုခုနဲ့ စာရင်းဇယား၊ ဘဏ္ဍာရေးအတွေ့အကြုံ ရှိရန် လိုအပ်ပါတယ်။

HDCO အကြီးတန်းစာရေးနဲ့ အငယ်တန်းစာရေးတို့အတွက် ဘွဲ့တစ်ခုခု၊ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံ၊ သတင်းအချက်အလက် ရေးသားနိုင်မှုတို့ ပါဝင်ကြောင်း သိရပါတယ်။

ထုတ်ပြန်ချက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်အောက်ရှိသူများ လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပြီး ရွေးချယ်ခံရပါက သတ်မှတ်ကာလ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ပါရှိပါတယ်။

လျှောက်လွှာပိတ်ရက်မှာ အောက်တိုဘာလ ၁၇ ရက် နောက်ဆုံးထားပြီး၊ စာမေးပွဲကို အောက်တိုဘာလ ၂၀ ရက်တွင် APSC ရုံးမှာ ကျင်းပမှာဖြစ်ကာ အောင်စာရင်းကို အောက်တိုဘာလ ၂၁ ရက်တွင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

လူတွေ့နှုတ်ဖြေ စစ်ဆေးမှုကို အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်တို့တွင် ပြုလုပ်သွားမှာဖြစ်ပြီး၊ လျှောက်လွှာပုံစံများနဲ့ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးဌာနများနဲ့ APSC ရဲ့ တရားဝင် ထုတ်ပြန်ချက်တွင် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Related posts

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်ကြောင်း APHR ထုတ်ပြန်

Rakhita Times

စစ်တပ်လာစစ်မှာကြောက်လို့ စစ်တွေမှာ အသုဘတွေကို နေ့ခြင်းသင်္ဂြိလ်နေ

Rakhita Times

“ဂွာနိကား (Guernica) သို့ တိုင်တည်ခြင်း”

Rakhita Times

Leave a Comment