HealthNewsPolitic

မြောက်ဦးဆေးရုံအတွက် သိန်း ၁၆၈၀ တန်ဖိုးရှိ အာထရာဆောင်းစက်များ ဝေဟင်အောင်နဲ့အဖွဲ့ ထပ်မံလှူဒါန်း

အာရက္ခတိုင်းမ်စ်(၂၅ ဒီဇင်ဘာ ၂၀၂၅)

စာရေးဆရာ ဝေဟင်အောင်နဲ့အဖွဲ့က မြောက်ဦးဆေးရုံဖြစ်စဉ်အတွက် မနေ့က (ဒီဇင်ဘာ ၂၄ ရက်) မှာ ကျပ်သိန်း၁၆၈၀ တန်ဖိုးရှိ အာထရာဆောင်းစက်များ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အာထရာဆောင်း စက်တလုံးကို သိန်း ၄၂၀ နှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ အာထရာဆောင်းစက် ၄ လုံးကို တတိယအကြိမ်မြောက်အဖြစ် အာရက္ခပြည်သူတော်လှန်ရေးအစိုးရ၊ ဗဟိုကျန်းမာရေးဌာနကတဆင့် လွှဲအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“ ပထမအကြိမ်က ၁၂ ရက်နေ့၊ သိန်း ၁၈၀ ပါ။ လူနာတွေအတွက် အရေးပေါ် သုံးလို့ရအောင် လှူတာပါ။ ဒုတိယက ၁၈ ရက်နေ့ကပါ။ ဓာတ်မှန် စက် ၃လုံး – ၁ လုံးကို သိန်း ၇၀၀၊ ဆေးပေါင်းအိုး ၃လုံး၊တစ်လုံးကို ၁၄၀ ပါ။ ဆေးပဒေသာပင်အတွက် သိန်း ၅၀၀၊ လူနာ တဦးကို ၁၀သိန်းနှုန်းနဲ့ လူနာ ၇၇ ဦးအတွက် ၇၇၀၊ သေဆုံး တဦးကို ၁၀သိန်းနှုန်းနဲ့ ၃၃ဦးအတွက် ၃၃၀ပါ။ ပေါင်း ၄၁၀၀ လှူထားပါတယ်။ ဆေးဝါးတွေ လိုသေးတယ်ဗျာ။ စက်ပစ္စည်းလောက်သာ အတိုင်းအတာတခုထိ ခုသာ ခံသာ ဖြစ်သွားတာပါ” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စာရေးဆရာဝေဟင်အောင်က အလှူငွေကို လေးရက်တာလှုပ်ရှားမှုအနေနဲ့ ပြုလုပ်ကောက်ခံခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ထည့်ဝင်မှုနဲ့အတူ တဆင့်ပြန်လည် လှူဒါန်း‌ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Related posts

မြွေပွေးကိုမှ ခါးပိုက်ပိုက်ခဲ့မိတဲ့ ငါ့အဖြစ်

Rakhita Times

ဖြူဖြူကျော်သိန်းက ရက္ခိုင် ၄ မြို့နယ်အတွက် ငွေကျပ် သိန်း ၁၀၀၀ ကျော် လှူဒါန်း

Rakhita Times

စစ်တွေတွင် ပြည်နယ်နေ့ အခမ်းအနားပြုလုပ်ရန် စကမ ပြင်ဆင်နေ

Rakhita Times

1 comment

auto 371 ဖေ‌ဖော်ဝါရီ 24, 2026 at 8:22 ညနေ

A convenient car catalog https://auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

Reply

Leave a Comment