အာရက္ခတိုင်းမ်စ် (၂၄ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဒီနေ့ နံနက် ၆ နာရီခန့်မှာ Y-12 စစ်ထောက်ပို့လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သဝင်ချောင်းကျေးရွာက ရွာသား ၃ ဦးနဲ့ အဝကန်ကျေးရွာက ရွာသား ၁ ဦး ဒဏ်ရာရခဲ့ပြီး လက်ရှိမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၀ ရက်မှာလည်း ဝီရဌာနီမြို့နယ်၊ ပြားသူကြွယ်ကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် တို့ ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်နေပါတယ်။
စစ်ကောင်စီတပ်ဟာ ငပြီကျွန်းအနီးတစ်ဝိုက်က ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲမှုတွေ နေ့စဉ်ဆိုသလို တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
