NewsPolitic

ဦးထွန်းအောင်ကို “ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆု” ချီးမြှင့်မည်

အာရက္ခတိုင်းမ်စ် (၂၈ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့တွင် ပျောက်ဆုံးနေတဲ့ သမိုင်းဝင် ယတြာခေါင်းလောင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ မနက်အစောပိုင်းမှာ မဟာမုနိဘုရားကုန်းတော်ရဲ့ အနောက်ဘက် မဟာမုနိဘုန်းတော်ကြီးကျောင်းထဲက မြေအနက် ၈ပေကျော်ရှိ တနေရာမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ယတြာခေါင်းလောင်းကြီးကို ထိန်းသိမ်းလာတဲ့ ဦးထွန်းအောင်ကို “ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆု” ဂုဏ်ပြုချီးမြှင့်မယ်လို့ ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) က ဆိုပါတယ်။

“ပဂ္ဂဟ အနုဂ္ဂဟ =ချီးမြှောက်သင့် ချီးမြှောက်ထိုက်တေပုဂ္ဂိုလ်ကို ချီးမြောက်ရဖို့လို့ ဗုဒ္ဓတရားတော်က ဟောကြားပါရေ၊ ယင်းအတွက် ပြည်စောင့်ခေါင်းလောင်း (ယတြာခေါင်းလောင်း) ထိန်းသိမ်းသူ ဦးထွန်းအောင်ကို ပါဝင် ဂုဏ်ပြုပီးလိုသူတိကို နည်းသည် များသည် ပဓာနမထားဘဲ ပါဝင်ပီးလှူကတ်ဖို့ ဖိတ်ခေါ်လိုက်ရပါရေ” လို့ ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) ဆိုပါတယ်။

အလားတူး ဦးထွန်းအောင်ဟာ ကတိတလုံးကို မျိုးဆက်နဲ့ထျီပြီး စောင့်ထိန်းလာတဲ့ ပုဂ္ဂိုလ်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

” ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆီးဖက်ဝင်၏ ” ဆိုရေ ကဗျာထဲက စာသားပိုင် ဦးထွန်းအောင်ရေ ကတိတစ်လုံးကို မျိုးဆက်နန့်ချီပနာ စောင့်ထိန်းလာရေ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါရေ” လို့ ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) ဆိုပါတယ်။

ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) အနေနဲ့ ဦးထွန်းအောင်ကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုငွေလည်း ပေးအပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Related posts

အမတ ၃၄၄ အမြောက်တပ်နားကို စကမ Y12 နဲ့ ဗုံးကြဲနေ

Rakhita Times

တောင်ကုတ်မှာ လုံခြုံရေးကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်

Rakhita Times

ကျောက်တော်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို AA ကူညီပေးနေ(ဓာတ်ပုံသတင်း)

Rakhita Times

550 comments

Leave a Comment