NewsPolitic

၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အတွက် AA နဲ့ MNDAA ဆုတောင်း သဝဏ်လွှာပေးပို့

အာရက္ခတိုင်းမ်စ် (၁၂ ဇန်နဝါရီ ၂၀၂၆)

ဒီကနေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အတွက် အာရက္ခတပ်တော် AA နဲ့ MNDAA တို့က ဆုတောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်က စတင်ခဲ့တဲ့ တအာင်းအမျိုးသားတော်လှန်ရေးဟာ စတင်ပြီး နှစ်ပေါင်း ၆၃ နှစ်အကြာမှာ တအာင်းအမျိုးသားအောင်ပွဲ နေ့ရက်မြတ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ မဟာမိတ်ပီသမှုကို စစ်မြေပြင်မှာ လက်တွေ့ကျစွာ အသက်၊ သွေး၊ ချွေး များစွာနဲ့ သက်သေပြခဲ့ကြတဲ့အပြင် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ သဘောထားကြီးမြတ်မှု စတဲ့ ဂုဏ်ဒြပ်တို့နဲ့ ခိုင်မြဲစွာ တည်ဆောက်ခဲ့တဲ့ လက်တွဲဖော် ညီနောင်များဖြစ်တယ်လို့ ဆိုပါတယ်။

တအာင်းအမျိုးသားအောင်ပွဲရရှိစေရန် ကြိုးပမ်းမှု သမိုင်းတစ်လျှောက်မှာ အသက်၊ ဘဝ၊ ခန္ဓာများစွာ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ သက်ဆိုင်သူ အာဇာနည်သူရဲကောင်းအပေါင်းတို့ကို ဦးညွှတ်ဂါရဝပြုအပ်ပြီး TNLA ရဲ့နိုင်ငံရေးရည်မှန်းချက်များနဲ့တကွ အလုံးစုံသော ကိစ္စရပ်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်စေကြောင်းကိုလည်းAA နဲ့ MNDAA တို့က ဆုတောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒနဲ့ မိမိတို့ ထပ်တူကျတဲ့အပြင် အဖိနှိပ်ခံ ဘဝတူများအဖြစ် အမြဲတမ်း အတူရှိနေတယ်လို့လည်း သဝဏ်လွှာမှာ ဆိုထားပါတယ်။

Related posts

ပေါက်တောကို စကမ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်

Rakhita Times

AA စစ်ဦးစီးချုပ် နဲ့ မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံအပြီးတွင် မောင်တောမြို့မဗလီ ဖွင့်လှစ်

Rakhita Times

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း မြင့်တက်

Rakhita Times

3 comments

Leave a Comment