NewsPolitic

အမ်းတွင် စစ်ကျန် ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုပြည်၊ အမ်းမြို့နယ်တွင် ဇန်နဝါရီလ ၁၉ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကျန်ဗုံးတလုံး ပေါက်ကွဲခဲ့လို့ ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ဆော့ကစားရင်းနဲ့ ငှက်ပျော်ခင်းဖက်ရောက်သွားတာ။ အဲဒီမှာ စစ်ကျန်ဗုံးပေါက်ကွဲပြီး ဆုံးသွားတာ” လို့ အမ်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်ကျန်ဗုံးကြောင့် သေဆုံးသွားသူမှာ ရက္ခိုင်ပြည် အမ်းမြို့နယ် ဆီဆိုင်ကုန်း အောက်ရွာနေ အသက် ၈ နှစ်အရွယ် မောင်မင်းထက်သာ ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်တွင် စစ်ရေးအရ ရှုံးနိမ့်သွားတဲ့ စစ်ကော်မရှင်ဟာ သူစွန့်ခွာသွားတဲ့ နယ်မြေတွေမှာ မြေမြှုပ်မိုင်းများစွာ မြှုပ်နှံထားခဲ့ပြီး အာရက္ခတပ်တော်အနေနဲ့ မိုင်းရှင်းလင်းရေးနဲ့ မိုင်းအန္တရာယ် အသိပညာပေးများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

စစ်တွေမှာ မွတ်ဆလင်ရွာတချို့ကို စစ်ကော်မရှင် ဖယ်ခိုင်းနေ

Rakhita Times

ရမ်းဗြဲ အနီး စစ်သင်္ဘောတွေ ရပ်နားထားလို့ တံငါသည်တွေ စားဝတ်နေရေး ခက်ခဲနေ

Rakhita Times

AA ကိုစိုးရိမ်လို့ စစ်တွေမြို့အဝင်ကို စစ်ဆေးရေး တင်းကြပ်၊ မွတ်ဆလင်တွေကို မြို့ဝင်ခွင့်မပေး

Rakhita Times

Leave a Comment