NewsPolitic

စစ်တွေက ALP တပ်သား လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၂၃ ဇန်နဝါရီ ၂၀၂၆)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာရှိတဲ့ ဒေါ်စောမြဇာရာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်သားတချို့ ထွက်ပြေးတာတွေ ရှိပေမယ့် လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်ဘူးလို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမှာရှိတဲ့ ALP တပ်ရင်း ၃ ခု စလုံးပေါင်းမှ တပ်သား ၅၀၀ နီးပါးခန့် ရှိပေမယ့် ALP အနေနဲ့ လက်နက် အလုံအလောက် တပ်ဆင်ပေးနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၂ ရက်မှာ စစ်တွေမြို့၊ ရွှေမင်းဂံစခန်းမှ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ဦးနဲ့ ALP တပ်သား ၃ ဦး စုစုပေါင်း ၁၀ ဦးက လက်နက်တွေကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

ALP တပ်သား ထွက်ပြေးတာ မှန်ပေမယ့်လည်း ALP ဟာ သူတို့ရဲ တပ်ဖွဲ့တွေကို လက်နက်ပေးကိုင်နိုင်လောက်တဲ့ အနေအထားမှာ မရှိတာကြောင့် လက်နက်နဲ့ ထွက်ပြေးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ALP နဲ့ နီးစပ်တဲ့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒါကလေ စစ်တပ်က လက်နက်တွေနဲ့ ဖမ်းတာလားတော့ အန်တီမပြောတတ်ဘူး။ ALP လက်နက်နဲ့ ဖမ်းတယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုရင် သူတို့က လက်နက် သိပ်မှမရှိတာ။ သူတို့ လက်နက်တွေက ဒီမှာ တပ်ဖွဲ့ ၃ ဖွဲ့ရှိတယ်။ တပ်ဖွဲ့ရဲ့ တပ်ရင်းမှူးတွေက သူပဲ သိမ်းထားတာဆိုတော့ အရေးပေါ် သွားရေး လာရေးတွေသာ လက်နက်ထုတ်ပေးတာ ဆိုတော့လေ။ သေနတ်ကြီးကိုင်ပြီးတော့ စောင့်နေရတာလည်း မရှိ။ သေနတ်ကြီးကိုင်ပြီးတော့ သူတို့ကို လွှတ်ထားတာလည်း မရှိတော့ အရေးပေါ် သူတို့ သွားမယ့်သူမှသာ သူတို့ စနိုက်ပါလို့ သတ်မှတ်ထားတဲ့သူဆိုမှသာ အဖွားကြီး (ဒေါ်စောမြရာဇာလင်း) လာတာပဲဖြစ်ဖြစ် သူတို့ဘက်က အရေးပေါ်ဆိုမှသာ လက်နက်ပေးတာ ဆိုတော့လေ” လို့ ပြောပါတယ်။

တဖက်မှာလည်း ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP တပ်သား ၁၀၀ ဟာ အာရက္ခတပ်တော် အေအေနဲ့ စစ်ကော်မရှင်တပ်တို့ ဖြစ်ပွားနေတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ပါဝင်ကူတိုက်ပေးနေပြီး တပ်သား ၂၀ ကျဆုံးပြီး လက်နက်တွေနဲ့အတူ ၃ ဦး ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ALP ဘက်ကတော့ သူတို့တပ်ဖွဲ့တွေ ဝင်ရောက်ပြီး ကူတိုက်ပေးနေတာ မရှိကြောင်းနဲ့ သူတို့ရဲ့ တပ်ဖွဲ့ဟာ ရက္ခိုင်ပြည်မှာ စစ်မက်ဖြစ်ပွားတာကို မလိုလားတဲ့အဖွဲ့ဖြစ်ကြောင်း၊ ရက္ခိုင်ပြည်ကို ငြိမ်းချမ်းရေးနဲ့ပဲ ရက္ခိုင်ပြည်မှာ ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းချင်တဲ့အဖွဲ့ဖြစ်ကြောင်းနဲ့ စစ်ဖက်ဆိုင်ရာကိစ္စတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

စစ်တွေဒေသခံတယောက်ကတော့ “အဲဒါက ဖြစ်လောက်ပါတယ်။ သူတို့ဘက်က ကာဗာပေးတာတော့ မဟုတ်ပါဘူး။ သူတို့မှာ လူအင်အားလည်း အဲဒီလောက် မရှိဘူးလေ။ စုစုပေါင်းမှ ရှိရင် ၅၀၀ ပေါ့ တပ်ရင်း ၃ ခု ပေါင်းမှ။ ၅၀၀ တောင် ကိုယ့်ဘာသာကိုယ် မှန်းလိုက်တဲ့သဘောပါ။ တချို့တပ်ရင်းဆို သိပ်တောင် မရှိလောက်ဘူး။ မင်းဂံက အကြီးဆုံးလို ဖြစ်နေတယ်။ မင်းဂံပြီးရင် ၁၀၁ က အကြီးဆုံးလား အဲဒီလိုမျိုးတွေ ဖြစ်နေတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်ဟာ စစ်တွေမြို့သိမ်းတိုက်ပွဲကို တဖြည်းဖြည်း တိုးပြီး တိုက်နေပြီး စစ်တွေမြို့အနီးက စစ်ကော်မရှင်ရဲ့ တပ်ရင်းတွေနဲ့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ဖော်ဆောင်နေသလို ရက္ခိုင်ပြည်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဧရာဝတီ၊ ပဲခူးနဲ့ မကွေး တိုင်း ၃ တိုင်မှာလည်း တိုက်ပွဲတွေ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်တွေမှာဆိုရင် ဒကစ ဌာနချုပ်အနီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ် ဝါဘု၊ ဂန့်ဂေါ်ကျွန်း၊ နာရီကန်နဲ့ ကွမ်းတောင် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Related posts

‎ရန်ကုန်မှာ ငွေကျပ် ၂၅၇ ဘီလီယံကျော် မူးယစ်ဆေးဝါး ဖမ်းမိ၊ AA က ဗိုလ်မှူးကို ဖြတ်သန်းခပေးပြီး ရက္ခိုင်နဲ့ မလေးရှားကို ပို့လို့ စစ်ကော်မရှင်စွပ်စွဲ‎

Rakhita Times

၁၈ နှစ်အောက် လူငယ်တွေကို ကွမ်း၊ ဆေးလိပ် နဲ့ အရက် မရောင်းရန် AA တားမြစ်

Rakhita Times

စစ်ကောင်စီရဲ့ မိုင်းကြောင့် ထိခိုက်သူ နေ့စဉ်ရှိနေ

Rakhita Times

4 comments

classifieds.ocala-news.com ဧပြီ 14, 2026 at 8:20 မနက်

References:

Echtgeld Casino Willkommensbonus

References:
https://md.swk-web.com/s/XOSGy19LJ

Reply
pad.stuve.uni-ulm.de ဧပြီ 16, 2026 at 2:04 မနက် Reply
https://vhembedirect.co.za/employer/payid-casinos-2026-fastest-withdrawals-tested-0-2h-payouts/ မေ 4, 2026 at 11:07 မနက်

References:

Lady luck casino vicksburg ms

References:
https://jom.gg/@gastoncanales

Reply

Leave a Comment