BusinessNewsPolitic

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ရေလုပ်သား (၇၃) ယောက်ကို အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်နဲ့ အဆက်အသွယ်ပြုလုပ်ကာ အထောက်အထား စုံစမ်းစစ်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြန်လည် လွှဲပေးလိုက်တဲ့ ငါးခိုးဖမ်းသမား (၇၃) ယောက်အနေနဲ့လည်း နောက်နောင်တွင် ရက္ခိုင်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီး ငါးခိုးမဖမ်းတော့ပါဘူးလို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည် ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်လာပြီး ငါးဖမ်းနေသူတွေကို အာရက္ခတပ်တော်က ဖမ်းဆီးကာ စတင်အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီဖြစ်တယ်လို့ အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခစစ်သည်တော်တွေ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင်ပြည်နေ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ အသက်၊ အိုးအိမ်၊ စည်းစိမ် နဲ့ လုံခြုံရေးတို့ကို အထူးအလေးထားသလို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နတ်မြစ်ကြောင်းတလျှောက်က အကြမ်းဖက်သမားတွေ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးအတွက်ကိုလည်း ဒေသခံပြည်သူလူ ထုတွေ နဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

Ref & Photo – APM

Related posts

မင်းပြားတွင် အမျိုးသား တဦး ရေနစ်သီဆုံး

Rakhita Times

စစ်တွေမှာ မီတာခ အဆမတန် ဈေးကြီးမှာကို လူထုစိုးရိမ်နေ

Rakhita Times

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

Rakhita Times

242 comments

Leave a Comment