NewsPolitic

အမ်းတွင် စကမရဲ့ မိုင်းပေါက်ကွဲလို့ လူငယ်တဦး ဒဏ်ရာရ 

အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) 

ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲမှုလို့ လူငယ်တဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

“ သီဟိုဠ်ခြံမှာ သားအဖနှစ်ယောက် မြက်ရှင်းနေရင်းနဲ့ သားဖြစ်သူက စစ်ကော်မရှင်တပ်က ထောင်ထားခဲ့တဲ့ မိုင်းကို ဓါးနဲ့ ထိမိလို့ ပေါက်ကွဲပြီး ဒဏ်ရာ ပြင်ထန် ရရှိခဲ့တာ”  လို့ အမ်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်ကျန်မိုင်းကြောင့် ပြင်းထန် ဒဏ်ရာ ရရှိသွားသူမှာ ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာနေ အဖ ဦီးကျော်နိုင်ရဲ့ သာဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်  ငြိမ်းချမ်းကျော် ဖြစ်တယ်လို့ သိရပါတယ်။

“ အဲဒီမိုင်းက ပေါက်ကွဲပြီးတော့ ကလေးရဲ့ မျက်နှာတွေကို စင်တာလေ၊ မျက်နှာတခုလုံး ပြင်းပြင်းထန်ထန်ကို ဒဏ်ရာတွေ ရသွားတာ”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၈ ရက်ကလည်း စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲလို့ အမ်းမြို့နယ်၊ ပြောင်းချောင်းရွာက လင်မယားနှစ်ယောက် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Related posts

တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA အပြီးသတ် သိမ်းပိုက်

Rakhita Times

မင်းပြားတွင် အိမ်မီးလောင်လို့ မွေးကင်းစကလေးငယ်တဦး သေဆုံး

Rakhita Times

သူပုန်ဖြူကဗျာစာအုပ် လေလံစျေး အမြင့်ဆုံး ဒေါ်လာ ၁၂၀၀၀ အထိ ရောက်လာ

Rakhita Times

Leave a Comment