NewsPolitic

မြောက်ဦးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာလ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် ဒီကနေ့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး အနည်းဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်တွင် မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ရဲမနိုင်စုကို လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“နှစ်ကြိမ် လာကြဲတာ။ လူနေရပ်ကွက်ထဲကို ကျတာပါ။ တိတိကျကျပြောရရင် ၄ နာရီနဲ့ ၆ မိနစ်မှာ ကျတာပါ” လို့ မြောက်ဦးမြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သေဆုံးသူများရဲ့ အမည်၊ အသက်နဲ့ တခြားအသေးစိတ် အချက်အလက်များကိုတော့ အာရက္ခတိုင်းမ်စ်က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး အတည်ပြုနိုင်တဲ့ အချက်အလက်များ ရရှိပါက ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Related posts

စစ်ဘောင်ကျယ်နေတာတွေ လျော့သွားဖို နည်းလမ်းရှာသင့်

Rakhita Times

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

Rakhita Times

AA က ၁၁ လ အတွင်း ရက္ခိုင်ပြည် ပြင်ပက စကမ ရဲ့စခန်း ၅ ခု နဲ့ ရွာ ၃ ရွာ သိမ်းပိုက်

Rakhita Times

Leave a Comment