BusinessNewsPolitic

ဂျင်းနဲ့ ငရုတ်သီး တင်သွင်းတာကို မီဇိုရမ်က နှစ်လပိတ်

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် (Saiha District) အာဏာပိုင်တွေက မြန်မာနိုင်ငံကနေ ဂျင်းနဲ့ ငရုတ်သီး တင်သွင်းတာကို နှစ်လ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ခရိုင်အာဏာပိုင်တွေက နိုဝင်ဘာလ ၂၅ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့ပြီး ဒီတားမြစ်မိန့်ဟာ ထုတ်ပြန်တဲ့နေ့ကစပြီး နှစ်လကြာ အကျိုးသက်ရောက်မယ်လို့ ဆိုပါတယ်။

ခရိုင်စိုက်ပျိုးရေးအရာရှိနဲ့ ခရိုင်စိုက်ပျိုးရေးစီမံခန့်ခွဲမှုကော်မတီ (DAMC) အတွင်းရေးမှူးတို့ ပူးတွဲတင်ပြတဲ့ အစီရင်ခံစာအပေါ်အခြေခံပြီး ဒီလိုဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံကနေ ဂျင်းနဲ့ ငရုတ်သီးတွေကို မီဇိုရမ်ပြည်နယ်အတွင်းက ဒေသအချို့ကို တရားမဝင် တင်သွင်းနေပြီး ဒီလုပ်ရပ်တွေဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်ရုံသာမက ဒေသခံပြည်သူတွေအပေါ်မှာလည်း ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဆိုင်ဟားခရိုင်အတွင်းကို မြန်မာနိုင်ငံကနေ ဂျင်းနဲ့ ငရုတ်သီးတင်သွင်းတာကို ခရိုင်အာဏာပိုင်တွေက ယာယီ ပိတ်ပင် တားမြစ်လိုက်တာလို့ သိရပါတယ်။

Ref – Kaladan Desk

Related posts

မင်အောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယိကာ မဟာပုရိသ တဦးလို့ စောမြရာဇာလင်းပြော

Rakhita Times

အာရက္ခတပ်တော်နေ့ အထိမ်းအမှတ် ကာယဗလမောင် နဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ

Rakhita Times

AA စနိုက်ဘာလက်ချက်နဲ့ ကပစ ၁၆ တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦး သေဆုံး

Rakhita Times

Leave a Comment