NewsPolitic

ပလက်ဝတွင် ၇၈ ကြိမ်မြောက် “ချင်းအမျိုးသားနေ့” ကျင်းပပြုလုပ်၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက် ဂုဏ်ပြု

အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆)

ပလက်ဝခရိုင်အတွင်းရှိ ချင်းလူမျိုးတွေရဲ့ (၇၈) ကြိမ်မြောက် “ချင်းအမျိုးသားနေ့” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက အာရက္ခတပ်တော် ထိန်းချုပ်​နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

(၇၈) ကြိမ်မြောက် “ချင်းအမျိုးသားနေ့” အခမ်းအနားတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး ဖတ်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို ချင်းလူမျိုးတွေ၊ ချင်းမျိုးနွယ်စု​ဝင်တွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ၊ ခရိုင်ပါတီက အကြီးအကဲတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်က ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုတွေအနေနဲ့ အမျိုးသားတန်းတူအခွင့်ရေးနဲ့ အာရက္ခတိုင်းပြည်တည်ဆောက်ရေးနဲ့​ ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အတူတကွ ပါဝင်တည်ဆောက်ကြဖို့ကိုလည်း ဖော်ပြပါရှိပါတယ်။

Ref & Photo – We Love Paletwa

Related posts

မင်းအောင်လှိုင်လက်ထက် အရင်စစ်အာဏာရှင်တွေလို သုံးစရာနည်းမရှိတော့

Rakhita Times

AA မိုင်းဆွဲလို့ ဒဏ်ရာရရှိသွားတဲ့ စကမ ဗိုလ်မှူး သေဆုံး၊ မနေ့က ရွှေမြင်တင်တွင် သင်္ဂြိုလ်

Rakhita Times

မောင်တောနဲ့ ဘူးသီးတောင်မှာ ဟိန္ဒူရိုးရာ ဒူရ်ဂါပူဂျာပွဲတော် စည်ကားစွာ ကျင်းပ

Rakhita Times

602 comments

Leave a Comment