NewsPolitic

ပေါက်တောကို စကမ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ်ကို စစ်ကော်မရှင်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ဗုံး တဝ ကြဲနေပါရေ အကို ပေါက်တောမှာ” လို့ ဒေသခံသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်းကနေ မနေ့ည (၆ မတ်) ၉ နာရီကျော်အချိန်က စတင်ကာ လက်နက်ကြီးတွေနဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းဖက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာတစီးကလည်း ပေါက်တောမြို့နယ်အတွင်းကို ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ညက သီတင်းကျွတ်ပွဲတော်အလား အောက်မေ့ရတယ်။ ကြားလိုက်ရတဲ့ ပစ်ခတ်သံတွေဟာလေ။ တညလုံး ကောင်းကောင်း မအိပ်လိုက်ရဘူး။ အခုတော့ အသံနည်းနည်း ငြိမ်သွားပြီ” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်အနေနဲ့ အခုလို အသဲအသန် ပစ်ခတ်နေတာဟာ အာရက္ခတပ်တော်က ရွှေမင်းဂံရေတပ်စခန်းနဲ့ ဇော်မဒက်ရွာ အနီးရှိ တပ်စခန်းအချို့ကို သိမ်းပိုက်လိုက်တယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Related posts

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်လာနိုင်

Shine Bu Chay

လေးမျက်နှာတွင် စစ်ရေးရှုံးနိမ့်လာလို့ ကွင်းကောက်က စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံစံ ပြင်ဆင်နေ

Rakhita Times

ကျောက်ဖြူ ပြားကျွိန်ချောင်းတွင် တိုက်ပွဲပြင်းထန်နေ၊ စကမ အထိနာလို့ စစ်ကူထပ်မံ ပို့ဆောင်နေရ

Rakhita Times

580 comments

Leave a Comment