NewsPolitic

ထီဖွင့်ရန် ၅ ရက်အလိုကတည်းက ရက္ခိုင်တွင် ထီ (လောင်ဘော်) ရောင်းကုန်နေ

အာရက္ခတိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ ထီ (လောင်ဘော်) ဖွင့်ရန် ၅ ရက် အလိုကတည်းက ထီလက်မှတ် (လောင်ဘော်) တွေ ရောင်းကုန်သွားပြီလို့ သိရပါတယ်။

“ကျမဆီမှာတော့ မနေ့ကတည်းက လက်ကျန်မရှိတော့ဘူး။ မြို့နယ်ရုံးမှာ သွားဝယ်တော့လည်း သူတို့ဆီမှာပါ ကုန်နေပြီ။ ရောင်းစရာ မရှိ‌တော့ဘူးလို့ ပြောတယ်” လို့ သံတွဲမြို့နယ်က ထီ (လောင်ဘော်) ရောင်းသူတစ်ဦးက အာရက္ခတိုင်မ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည် မြောက်ပိုင်းဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော၊ မင်းပြား နဲ့ မြေပုံမြို့နယ်မှာလည်း ထီ (လောင်ဘော်) ရောင်းကုန်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

“နိုင်ငံခြားက သူငယ်ချင်းက သူ့အတွက် ထိုးပေးပါဆိုလို့ သွားရှာတာ ဝယ်မရခဲ့ဘူး။ ၅ နေရာလောက် ရောက်ခဲ့တယ်။ မရခဲ့ဘူး။ ကျမကတော့ လဆန်းကတည်းက ၁၀ စောင်တွဲ ထိုးထားတယ်။ သူ့ကို ၅ စောင် ပြန်မျှပေးမယ်ပဲ ပြောလိုက်ရတယ်” လို့ မြေပုံမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြေပါတယ်။

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ထီ (လောင်ပေါ်) ကို ပထမအကြိမ်အဖြစ် ဇွန်လ ၁ ရက်က စတင်ရောင်းချခဲ့ပြီး ဆုကြေးတွေကတော့ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ် ၁၀ သိန်း စသဖြင့် ဆုမဲပေါင်း ၃၉ ဆု ခွဲဝေပေးသွားတယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ ၁ ရက်က စတင်ပြီး ရောင်းချပေးခဲ့ပြီး ဆုကြေးအနေနဲ့ အမြင့်ဆုံး ဆုကြေးကို ကျပ်သိန်း ၇၅၀၊ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၄၀၀၊ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ် ၁၀ သိန်းနဲ့ ကျပ် ၅ သိန်း ဆု အပါအဝင် စုစုပေါင်း ဆုမဲအရေအတွက် ၄၆ ဆုအထိ ပေးသွားမယ်လို့ သိရပါတယ်။

အာရက္ခထီ (လောင်ပေါ်) က ရရှိတဲ့ ငွေးကြေးများကို ရက္ခိုင်ပြည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်း၊ တံတားဆောက်လုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ အာရက္ခထီလက်မှတ်များကို ပါဝင်ကံစမ်းကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

Related posts

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၁၃၈ သိန်း ထပ်မံလှူဒါန်း

Rakhita Times

ဗကသများအဖွဲ့ချုပ်က ရက္ခိုင်ရေဘေးအတွက် ၁၀ သိန်း လှူဒါန်း

Rakhita Times

ကျောက်တော်ကို ရွေးတုအစိုးရ ဗုံးကြဲနေ(Breaking News)

Rakhita Times

Leave a Comment