NewsPolitic

ကစ္ဆပနဒီတံတားကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ကစ္ဆပနဒီတံတားကို မတ်လ ၁၂ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ စစ်ကော်မရှင်က လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ကစ္စပနဒီတံတားနဲ့ ကျောက်တော်တောင် အနီးဝန်းကျင်ကိုကျတယ်။ အသေ အပျောက် မသိရသေးဘူး” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲမှုကြောင့် ကျောက်တော်မြို့အဝင် အရှေ့ဘက် (ကျောက်တော်တောင် ခြေရင်းရှိ) ကစ္ဆပနဒီတံတားတွင် ကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ကစ္ဆပနဒီတံတားဟာ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာတည်ရှိပြီး ပြည်သူလူထု အဓိက သွားလာနေတဲ့ လမ်းတခုလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ မနေ့ညက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ကစ္ဆပနဒီတံတားအနီးနဲ့ ကျောက်တော်မြိုပေါ်ကို Y-12 လေယာဉ်နဲ့ ကင်းထောက် ပျံဝဲနေတယ်လို့ သိရပါတယ်။

Related posts

အာရက္ခရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်နေသူတွေကို အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီ

Rakhita Times

ဗမာ့တပ်တော် တနှစ်ပြည့်အခမ်းအနားကို AA တက်ရောက်ခဲ့

Rakhita Times

ပုဏ္ဏားကျွန်း စစ်ရှောင်များအတွက် စောင်၊ အနွေးထည်များ လိုအပ်နေ

Rakhita Times

1,959 comments

Leave a Comment