NewsPolitic

လာမယ့်အခင်းအကျင်းမှာ ရက္ခိုင်အရေးကို သေချာမဆွေးနွေးလို့မရဘူး

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၆)

မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၂၆ ခုနှစ် အခင်းအကျင်းမှာ ရက္ခိုင်အရေးက အရမ်းအရေးပါသလို စစ်ကော်မရှင်အလိုကျ တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ရက္ခိုင်အရေးကို သေချာ မဆွေးနွေးလို့ မရဘူးလို့ တိုင်းရင်းသား နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရက္ခိုင်အရေးက အရမ်းအရေးပါတာပေါ့။ ၁၇ မြို့နယ်က ၃ မြိုနယ်ပဲ ကျန်တယ်လေ သူတို့ မသိမ်းနိုင်သေးတာက။ အဲဒီတော့ ဆိုလိုတာက လာမယ့်အရေးမှာက ရက္ခိုင်အရေးက သေချာမဆွေးနွေးလို့မရဘူး။ ထို့အတူပဲ တခြားလက်နက်ကိုင်အုပ်စုတွေလည်း အဲဒီလိုပဲ ပါတယ်။ ရက္ခိုင်ကို အရေးပါသလို တခြား တအာင်းတို့၊ ကိုးကန့်တို့ တခြားလက်နက်ကိုင်အုပ်စုတွေတို့ ချန်ထားလို့ မရဘူးပေါ့။ ထို့အတူပဲ ခုနတုန်းကပြောသလို အသေးအဖွဲ့ နာမည်မကြီးတဲ့အဖွဲ့တွေလည်း စစ်ပွဲမီးစ မဖြစ်အောင်တော့ သတိထားပြီးတော့မှ ဒါက တွေ့ဆုံဆွေးနွေးရေးမှာ ပါရမယ်ဆိုတဲ့ ကိစ္စက အရေးကြီးတာပေါ့” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာမက အိန္ဒိယနိုင်ငံနဲ့လည်း နယ်နမိတ်ချင်းထိစပ်နေပြီး ရက္ခိုင်ကမ်းရိုးတန်းဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်ခြမ်းနဲ့ အတော်လေးနီးကပ်တဲ့ အနေအထားမှာ ရှိတာပါ။

ဒါ့အပြင် အိန္ဒိယရဲ့ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းရှိပြီး ရက္ခိုင်ပြည် စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ကုလားတန်မြစ်ကြောင်းက တဆင့် ချိတ်ဆောင်ဖို့ လုပ်ဆောင်ထားတာပါ။

ဒါကြောင့် ရက္ခိုင်ပြည်ဟာ အိန္ဒိယနဲ့ ပထဝီအနေအထားအရသာမက စီးပွားရေးအရပါ အရေးပါတဲ့ ဒေသတခု ဖြစ်ပါတယ်။

ပြီးတော့ တရုတ်အစိုးရရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိသလို ပိုးလမ်းမ စီမံကိန်းတွေလည်း ရှိနေတာပါ။

ပြောရမယ်ဆိုရင် ရက္ခိုင်ပြည်ဟာ အိမ်နီးချင်း နိုင်ငံကြီး ၂ ခုရဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့ ဒေသတခုလို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက အာရက္ခတပ်တော်က ထိပ်သီးခေါင်းဆောင်ပိုင်းအချို့နဲ့ တရုတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီနောက်မှာ အာရက္ခတပ်တော်အနေနဲ့ စစ်တွေမြို့အနီး ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေကို ပိုမို လုပ်ဆောင်လာသလို စစ်ကော်မရှင်ဘက်ကလည်း ရက္ခိုင်ပြည်အတွင်း လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်လာနေပါတယ်။

အစိုးရသစ်လက်ထက် တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ခင် အာရက္ခတပ်တော်အနေနဲ့ ကျန် ၃ မြို့နယ်ထဲက တခုခုကို ထပ်မံသိမ်းပိုက်နိုင်မည်ဆိုပါက သူ့ရဲ့ နိုင်ငံရေးအဆင့်အတန်းမှာ ပိုမိုတောင်းဆိုနိုင်မယ့် အနေအထားဖြစ်တာကြောင့် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နိုင်မယ်လို့လည်း သုံးသပ်ထားကြပါတယ်။

Related posts

အသေခံဒရုန်းတွေကို စကမ ပိုမိုအသုံးပြုလာလို့ တော်လှန်ရေးအဖွဲ့များ ပိုမို သတိထားရန်လို

Rakhita Times

စကမရဲ့ ဝန်ထမ်းတွေ ပါဝင်မှုကြောင့် စစ်တွေမှာ သစ်သားအိမ်တွေ ကုန်လုနီးပါးဖြစ်

Rakhita Times

ဘင်္ဂလား BGB က AA လုံခြုံရေးစခန်းကို ပစ်ခတ်

Rakhita Times

2 comments

adrestyt.ru ဧပြီ 14, 2026 at 10:17 မနက် Reply
notes.bmcs.one ဧပြီ 16, 2026 at 2:00 မနက်

References:

Best steroids stack

References:
https://output.jsbin.com/zananusiti/

Reply

Leave a Comment