အာရက္ခတိုင်းမ်စ် (၃၁ အောက်တိုဘာ ၂၀၂၅)
ပုဏ္ဏားကျွန်းမြို့နယ် စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ထပ်မံ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး၊ ၁၀ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။
“မနက် ၁၁ နာရီ ၄၀ လောက်က ပေါင် ၃၀၀ နှစ်လုံးကို စာသင်ကျောင်းပေါ်ကို ချခဲ့တာ” လို့ ပုဏ္ဏားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာက စစ်ဘေးရှောင်များ ခိုလုံနေထိုင်ကြတဲ့ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်းနီလာရွာတွင် လာရောက် စစ်ဘေးရှောင်နေသူ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီ ၈ ဦးမှာ ဒဏ်ရာအလွန်ပြင်းထန်တယ်လို့လည်း သိရပါတယ်။
အထက်ပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာရက္ခတိုင်းမ်စ်သတင်းဌာနက ထပ်မံ တင်ဆက်ပေးပါမယ်။
Photo – APM
(ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။ နှလုံးမခိုင်သူများ ကြည့်ရှုရန် မသင့်ပါ)

155 comments