EducationNewsPolitic

အဆင့်မြင့်ပညာရေးတက္ကသိုလ် ဖွင့်လှစ်ရန် အာရက္ခအမျိုးသားရေးပညာဌာန ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနက ဘွဲ့မရရှိသေးတဲ့ လူငယ်တွေအတွက် အဆင့်မြင့်ပညာရေးတက္ကသိုလ် ဖွင့်လှစ်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တက္ကသိုလ်တက်ခဲ့ပြီး ဘွဲ့မရရှိခဲ့တဲ့ လူငယ်တွေအတွက် အာရက္ခအမျိုးသားတက္ကသိုလ်က စတုတ္ထနှစ်/ပဉ္စမနှစ် (ဥပဒေ) (ဘွဲ့)၊ အဝေးသင်၊ Day သင်တန်းတွေကို ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်မှာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီလို့လည်း သိရပါတယ်။

အဆိုပါ အာရက္ခအမျိုးသားတက္ကသိုလ်ကို တက်ရောက်လိုသူအနေနဲ့ တက္ကသိုလ်တခုခုက သက်ဆိုင်ရာ အထူးပြုဘာသာရပ်နဲ့ အဝေးသင် တတိယနှစ်အောင်မြင်ပြီးသူတွေ၊ ဥပဒေဘာသာရပ်အတွက် စတုတ္ထနှစ် အောင်မြင်ပြီးသူတွေ ဖြစ်ရမှာဖြစ်ပြီး ရက္ခိုင်ပြည်အတွင်း နေထိုင်သူ မည်သူမဆို လျှောက်ထားနိုင်ပြီး သင်တန်းကာလမှာ တနှစ်ဖြစ်တယ်လို့လည်း သိရပါတယ်။

တက်ရောက်လိုသူအနေနဲ့ ဝိဇ္ဇာအထူးပြုဘာသာရပ်တွေအဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေ၊ စီးပွားရေးပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ နိုင်ငံရေးသိပ္ပံနဲ့ တခြား Humanities၊ လူမှုရေးသိပ္ပံ၊ အနုပညာဘာသာရပ်တွေကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

သိပ္ပံအထူးပြုဘာသာရပ်တွေအနေနဲ့သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနဲ့ တခြားသိပ္ပံဘာသာရပ်တွေကို လျှောက်ထားနိုင်သလို ဖော်ပြမထားတဲ့ အထူးပြုဘာသာရပ်တွေကိုလည်း လျှောက်ထားနိုင်ပြီး သင်တန်းပြီးစီးပါက B.A., B.Sc., B.A.(Q), B.Sc.(Q), LL.B စတဲ့ ဘွဲ့တွေကို ချီးမြှင့်ပေးသွားမယ်လို့လည်း သိရပါတယ်။

အာရက္ခအမျိုးသားတက္ကသိုလ်ကို တက်ရောက်လိုသူအနေနဲ့ ဧပြီလ ၂၁ ရက် နောက်ဆုံးထားပြီး အာရက္ခအမျိုးသားပညာရေးရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။

Related posts

‎ရက္ခိုင်ကို ဘိလပ်မြေသယ်လာတဲ့ မူဆလင် ၈ ဦးကို BCG ဖမ်းဆီး‎အာရက္ခတိုင်းမ်စ် (၂၈ မတ် ၂၀၂၆)

Rakhita Times

ပလက်ဝက စစ်သုံ့ပန်း နဲ့ အကျဉ်းသား ၃၀ ဦးကို AA ပြန်လွှတ်ပေး

Rakhita Times

စကမဘက်က တအားခုခံနေတဲ့အတွက် AA စစ်တွေကို သိမ်းနိုင်ဖို့ မလွယ်

Rakhita Times

3 comments

BuyVillaInDubaidrary ဧပြီ 16, 2026 at 2:57 မနက်

https://dubai-villas-sale.com residential villa for sale dubai

Reply
gitea.redaktion.titanic-magazin.de မေ 4, 2026 at 12:01 ညနေ

References:

Emploi restomontreal

References:
http://portal.chrzescijanscysingle.pl/@irvingtorrez55

Reply

Leave a Comment