NewsPolitic

စကမ ဗုံးကြဲခဲ့တဲ့ ကြောင်ချောင်းရွာကို ULA က သိန်း ၂၀၀ ကျော် ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၀ ဧပြီ ၂၀၂၆)

၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက် ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်က ပလက်ဝမြို့နယ်အတွင်းရှိ “ ကြောင်ချောင်းကျေးရွာ” ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ် ရော့ကတ်နဲ့ တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင်ချောင်းကျေးရွာက အသက် ၁၆ နှစ်အောက် ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများမှာ အသက် ၈ နှစ်အရွယ် မောင်စိုးပိုင်လင်း၊ အသက် ၁၀ နှစ်အရွယ် မောင်နေဆန်းအောင်၊ အသက် ၁၁ နှစ်အရွယ် မောင်စံလင်းထွန်း၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်ဆုလင်း၊ အသက် ၃၀ အရွယ် မောင်ရွှေကျော်၊ အသက် ၃၃ နှစ်အရွယ် မောင်သန်းကျော် နဲ့ အသက် ၄၈ နှစ်အရွယ် ဦးအောင်လှတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၈ လ အရွယ် မောင်အောင်လှစိန်၊ အသက် ၅ နှစ်အရွယ် မောင်ဆန်းကျော်လျံ၊ အသက် ၁၈ နှစ်အရွယ် မမိဝှေ့ နဲ့ အသက် ၂၉ နှစ်အရွယ် မမနုစိန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ၇ ယောက်အတွက် တယောက်ကို ငွေကျပ် သိန်း ၂၀ စီနဲ့ ဒဏ်ရာရသူ တယောက်ကို ငွေကျပ် ၇ သိန်းနဲ့ ၄ ယောက်၊ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ် ၂ လုံးအတွက် ငွေကျပ် ၃၀ သိန်း၊ အလတ်စား ပျက်စီးဆုံးရှုံးသွားခဲ့တဲ့ နေအိမ် ၃ လုံးအတွက် သိန်း ၃၀ တို့ကို ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီက ကူညီခဲ့တာလည်း ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကြောင်ချောင်းကျေးရွာက သေဆုံးဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးသွားသူတွေကို ဧပြီလ ၁၉ ရက် မနက်ပိုင်း ၁၀ နာရီခွဲကျော်အချိန်မှာ ကူညီထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြတဲ့ ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

ကြောင်ချောင်းကျေးရွာဟာ အိမ်ခြေ ၅၀ ကျော်ကျော်သာရှိပြီး လူဦးရေ ၂၀၀ ကျော်သာရှိတဲ့ ကျေးရွာလေးတရွာလည်း ဖြစ်ပါတယ်။

Related posts

ပေါက်တောမြို့နယ်က ရေလုပ်သားမွတ်ဆလင် ၂၈ ဦးကို စကမ ဖမ်းဆီး

Rakhita Times

စကမ ဗုံးကြဲလို့ သံတွဲစစ်ရှောင် အမျိုးသမီးတဦး သေဆုံး

Rakhita Times

ရက္ခိုင်စစ်ပွဲရပ်ဖို့ ပြောဆိုမှု စစ်ကောင်စီ လက်မခံ၍ ဂျပန်နောက်ဆုတ်သွားဟု ပြော

Rakhita Times

326 comments

Leave a Comment