အာရက္ခတိုင်းမ်စ် (၅ မေ ၂၀၂၆)
ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကံကြီးကျေးရွာတွင် စစ်ကော်မရှင်က စစ်အင်အားတွေ အများအပြား ဖြည့်တင်ပြီး အထိုင်ချထားတာဟာ အာရက္ခတပ်တော်ကို စစ်မြှူတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်ထဲကို စစ်အင်အားရော၊ လက်နက်ခဲယမ်းပါ ဖြည့်တင်းထားတယ်။ ကံကြီးကို အထိုင်ချစခန်းပုံစံလုပ်နေတယ်။ ကံကြီးက ရက္ခိုင်ရဲ့ ထွက်ပေါက် ဝင်ပေါက်ဖြစ်နေတော့ AA က ဒီဖက်ကို စစ်အင်အင်းပို့မလားဆိုပြီး စစ်မြှူတာ ဖြစ်နိုင်တယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဧပြီလ ၂၆ ရက်က စစ်ကော်မရှင်တပ်သားအင်အား ၅၀၀ ခန့်ပါတဲ့ ယာဉ်တန်းဟာ ပြင်ဦးလွင်ကနေ မိတ္ထီလာ၊ ကျောက်ပန်းတောင်း ကတဆင့် ဆိပ်ဖြူ-ပေါက်လမ်း ဆယ်မိုင်လမ်းဆုံကို ရောက်ရှိနေပြီးတော့ ယခုအခါ ဆောမြို့နယ်ကို စစ်အင်အား တချို့တဝက် ရောက်ရှိနေတာကြောင့် အခုလို သုံးသပ်ရတာပါလို့လည်း သူက ဆိုပါတယ်။
“စကမ က AA ရှိတဲ့ ရက္ခိုင်ပြင်ပက နေရာတိုင်းလိုလိုကို ထိုးစစ်ဆင်နေတယ်။ လေးမျက်နှာ၊ နတ်ရေကန် နဲ့ ညောင်ကျိုးပေါ့။ အခုက ဆောဖက်ပေါ့လေ။ AA ရဲ့ စစ်အင်အားကို ပြန့်သွားအောင် လုပ်ချင်နေတာနေမယ်။ တပ်ချုပ်သစ်ရဲ့ စစ်မြှူဗျူဟာ ဖြစ်မှာပေါ့” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
လက်ရှိမှာ ကျောက်ထုအမြောက်တပ်ထဲကို လက်နက်ခဲယမ်းတွေ ထပ်မံရောက်ရှိနေတာကြောင့် အနီးနား ပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လာနိုင်တဲ့အပြင်၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေနိုင်တာကြောင့် ယောနယ်နဲ့ ချင်းပြည်တောင်ပိုင်းက မိဘပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို နေ့ရောညပါ အထူးသတိထားနေထိုင်ကြဖို့ ယောအလင်းတန်းက တိုက်တွန်း နှိုးဆော်ထားပါတယ်။

1 comment
Процедура вывода из запоя проводится с применением современных методик инфузионной терапии. Врачи контролируют уровень гидратации, работу сердечно-сосудистой системы и общее состояние пациента до полного устранения симптомов.
Получить больше информации – наркологическая клиника