NewsPolitic

AA ရဲ့ လက်နက်ကိုင်မှုကြောင့် ရက္ခိုင်ပြည်သူတွေက သူတို့ဘဝကို ဖျက်ဆီးသလို ခံစားနေရလို့ ဒေါက်တာအေးမောင်ဆို

အာရက္ခတိုင်းမ်စ် (၁၀ မေ ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် ရက္ခိုင်ပြည်သူတွေက သူတို့ရဲ့ လူမှုစီးပွားဘဝတခုလုံးကို ဖျက်ဆီးလိုက်သလို ခံစားနေကြတယ်လို့ ဒေါက်တာအေးမောင်က သူရိယနေဝန်း ဂျာနယ်ကို ပြောဆိုခဲ့ပါတယ်။

“ ရက္ခိုင်မှာ ၁၀၂၇ လက်နက်ကိုင် ပဋိပက္ခက ၂၀၂၃ လောက်ကစတော့ ဒီဘက်က သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်းတို့ အားလုံးက ဒီဘက်ကို ရွှေ့ပြေးလာကြတာပေါ့။ ကျောက် ဖြူ အနီးပတ်ဝန်းကျင်ကနေ ဂွအထိ၊ နောက် ရန်ကုန်နေ လူထုတချို့ရဲ့ ရင်ထဲမှာ လက်နက်ကိုင်ပဋိပက္ခကြီး ဖြစ်တာဟာ သူတို့ရဲ့ လူမှုစီးပွားဘဝတခုလုံးကို ဖျက်ဆီးလိုက်သလို ခံစားနေကြတယ်” လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

အဆိုပါ စကားကို ဒေါက်တာအေးမောင်က သူရိယနေဝန်း ဂျာနယ် အတွဲ ၁၊ အမှတ် ၄ တွင်ပါရှိတဲ့ ဆောင်းပါးမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“ ကိုယ့်နေရာ ကိုယ့်ဒေသလေးကို ပြန်ရောက်ပြီးမှ ကိုယ့်ရဲ့ ပရိယေသန ရှာမှီးချင်ကြတာပေါ့။ ဒါက ရက္ခိုင်လူထုအများစုရဲ့ ဆန္ဒပါ။ ဒီစစ်က ရှည်ကြာလာတဲ့အခါမှာ ဘယ်လိုပဲ AA ဘက်ကို စိတ်ပါပါ၊ မပါပါ မြန်မြန်လေး စစ်ပြေငြိမ်းချင်တဲ့ဆန္ဒ ရက္ခိုင်လူထုအများစုမှာ ရှိကြတယ်။ လွတ်လပ်ရေးကာလကနေ အခုရှိနေတဲ့ နိုင်ငံရေးကြောင့် ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခအားလုံး ချုပ်ငြိမ်းတာကို အားလုံးက လိုလားနေကြတယ်။ အဲဒီ လိုလားနေတဲ့ကာလ မြန်မာလူထုရဲ့ ဆန္ဒနဲ့အတူ ရက္ခိုင်ဘက်လူထုကလည်း လိုလိုလားလား ရှိနေကြပါပြီ” လို့လည်း ဒေါက်တာအေးမောင်က ဆိုပါတယ်။

အလားတူ “ ၁၀၂၇ ထိုးစစ်က ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ သုံးမြို့နယ်ကို ဘယ်လိုမှ AA ဘက်က မစွမ်းနိုင်ခဲ့ဘူး။ မဒေးကျွန်းတခုလုံး၊ ကျောက်ဖြူတခုလုံးကို သူ့ဘက်က ထိန်းချုပ်နိုင်ခဲ့လို့ရှိရင် ရက္ခိုင်ပြည် တခုလုံးရဲ့ ချုပ်ပွိုင့်တခုလုံးကို ရသွားတဲ့ သဘောဖြစ်မယ်။ ဒါပေမဲ့ မရနိုင်ခဲ့ဘူး။ ဒါဟာ စစ်ရေးအားဖြင့် တွက်ကြည့်ရင် AA ဘက်က မလုပ်နိုင်ခဲ့တဲ့ ကိစ္စပေါ့။ အဲဒါတွေကို တွက်ကြည့်ရင် AA တို့ရဲ့ ၁၀၂၇ လှိုင်းဟာ ရပ်သွားပါပြီ” လို့လည်း ဒေါက်တာအေးမောင်က ဆိုပါတယ်။

ဒေါက်တာအေးမောင်က “ ပြန်ကြည့်ရင် ရက္ခိုင်ဒေသရဲ့ AA ထိုးစစ်သည် တစုံတခု အတိုင်းအတာအထိ ရပ်သွားပြီ။ AA ရဲ့ ရည်မှန်းချက်သည် ခရီးရောက်တယ်လို့ ပြောဖို့ ခက်သွားပါပြီ။ အဲဒီမှာလည်း AA ဧရိယာအတွင်းမှာရှိတဲ့ လူထုရဲ့ အသံကလည်း ငြိမ်းချမ်းမှုကို ရာခိုင်နှုန်းပြည့်နီးပါး လိုလားနေကြပြီလား၊ သူ့ရဲ့ စုဖွဲ့မှုအနေအထား၊ သူ့ရဲ့ တပ်တွင်းအနေအထား ကျနော်တို့ မသိနိုင်ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းမှုကို လိုလားကြောင်းပြဖို့ အနေအထားရှိလို့သာ သတင်းတွေ အပြင်ဘက်ကို ရောက်လာတာပေါ့။ AA ဧရိယာအတွင်း မှာရှိနေတဲ့ ပြည်သူလူထုသည် ငြိမ်းချမ်းမှုကို လိုလားနေပြီ” လို့လည်း ဆိုထားပါတယ်။

Related posts

AA ရှိရာ နေရာများကို စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Rakhita Times

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အားလုံးနဲ့ ပူးပေါင်းနေတယ်လို့ KIO ‌ပြော

Rakhita Times

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

Rakhita Times

Leave a Comment