NewsPolitic

ဘင်္ဂလားနယ်စပ် မိုင်းပေါက်ကွဲမှုဟာ ULA/AA နဲ့ လုံးဝမသက်ဆိုင်ကြောင်း ULA/AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၆ မေ ၂၀၂၆)

ရက္ခိုင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ‌ပေါက်ကွဲခဲ့တဲ့ မိုင်းနဲ့ပတ်သက်ပြီး ULA/AA နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိဘူးလို့ ULA/AA က ဒီကနေ့ (မေ ၂၆) မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် မေလ ၂၄ ရက် မနက် ၁၁ နာရီခန့်တွင် ရက္ခိုင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန် (ရက္ခိုင်အခေါ် ရွာတော်ခရိုင်) နိုင်ကွန်းချာရီ (ရက္ခိုင်အခေါ် နတ်ကျောက်ဆရီ) မြို့နယ်တွင် မိုင်းပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး အဆိုပါ အနီးအနားတွင် တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံ အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ကြားသိရလို့ ULA/AA အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပြီး မိသားစုများ၊ ဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်လို့ ULA/AA က ဆိုပါတယ်။

အဆိုပါ ဖြစ်ပျက်ခဲ့တဲ့ နေရာဟာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့နဲ့ လုံးဝ မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း အတိအလင်း ငြင်းဆိုပါတယ်လို့လည်း ULA/AA က ဆိုပါတယ်။

ထို့ပြင် အဆိုပါနေရာတွေဟာ ARSA, ARA, RSO စတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင် အကြမ်းဖက်သမားများ ကျင်လည်ကျက်စား လှုပ်ရှားသွားလာနေကြတဲ့ အဓိကနေရာတွေထဲက တခုဖြစ်တဲ့အပြင် ဘင်္ဂလားဒေ့ရှ် ဒေသခံတိုင်းရင်းသားများကို အဆိုပါ အကြမ်းဖက်အုပ်စုက မသွားလာရန် ကန့်သတ်ထားတဲ့ နယ်မြေတခုလည်း ဖြစ်ပါတယ်လို့ ULA/AA က ဆိုပါတယ်။

ULA/AA က “ အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ မိဘပြည်သူများအနေနဲ့ တောတောင်ထဲ၊ လူပြတ်တဲ့နေရာတွေအပြင် ပုံမှန်သွားလာနေတဲ့ နေရာတွေမှာလည်း အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့များနဲ့ မိုင်းအန္တရာယ်များကို အထူး သတိပြု သွားလာကြပါရန် အသိပေးအပ်ပါတယ်” လို့ တိုက်တွန်းထားပါတယ်။

ရက္ခိုင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နေကြတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များရဲ့ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာ အကြမ်းဖက် တိုက်ဖက်ရေးအဖွဲ့များနဲ့အတူ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိပါတယ်လို့ ULA/AA က အလေးအနက် ထုန်ပြန်ပါတယ်လို့ ဆိုပါတယ်။

Related posts

ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲသတင်းဟာ သတင်းမှားလို့ ALP ထုတ်ပြန်

Rakhita Times

သာပေါင်းမှာ သွားလာခွင့်နဲ့ ကုန်စည်သယ်ဆောင်တာတွေကို စစ်ကောင်စီ ကန့်သတ်

Rakhita Times

ငါးသိုင်းချောင်းတွင် စစ်ကောင်စီ ခံစစ်ပြင်ဆင်နေ

Rakhita Times

Leave a Comment