NewsPolitic

AA က KIA နဲ့အတူ ကချင်နဲ့ စစ်ကိုင်းမှာ ကူတိုက်ပေးနေ

အာရက္ခတိုင်းမ်စ် (၂၆ မေ ၂၀၂၆)

အာရက္ခတပ်တော်က KIA အပါအဝင် ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ ကချင်နဲ့ စစ်ကိုင်းအစပ်မှာ ကူတိုက်ပေးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်နဲ့ ကသာမြို့နယ်မှာ မေလ ၂၀ ရက်က စတင်ကာ စစ်ကော်မရှင်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ တိုက်ပွဲက ကသာနဲ့ အင်းတော်ကြားက ပင်းမလွတ်၊ လမ်းခွရွာရယ် ပြီးတော့ မန္တလေး မြစ်ကြီးနားကာလမ်းတလျောက်မှာ ဖြစ်နေတာ။ တော်တော်လေးကို ပြင်းထန်ပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ကချင်နဲ့ စစ်ကိုင်းအစပ်က မော်လူးမှာလည်း စစ်ကော်မရှင် နဲ့ KIA၊ AA ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ ကသာနဲ့ မော်လူးမြို့တွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကော်မရှင်က လေကြောင်းပစ်ကူနဲ့ တန်ပြန် ထိုးစစ်ဆင်လို့ မြို့တွေကနေ ဆုတ်ခွာခဲ့ရတဲ့ တော်လှန်ရေးတပ်ဟာ ပြန်လည်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း စစ်ကိုင်းနဲ့ ကချင်အစပ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပြီး အဆိုပါ တိုက်ပွဲတွေဟာ KIA နဲ့သာ ဖြစ်တာ မဟုတ်ဘဲ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်းပြီးမှ ဖြစ်တဲ့ တိုက်ပွဲတွေ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အင်းတော်၊ ကသာနဲ့ မော်လူးမြို့နယ်မှာသာမက စစ်ကိုင်း၊ ရှမ်းမြောက်နဲ့ ကချင်ပြည် ထိစပ်ဒေသဖြစ်တဲ့ မဘိန်းမြို့နယ်၊ ငါးအိုးမြို့နဲ့ ရွှေကူနယ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

KIA၊ AA ပူးပေါင်းမဟာမိတ်တပ်တို့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထီးချိုင့်၊ ကသာ၊ အင်းတော် – နဘား၊ မော်လူး၊ နန့်စီးအောင် လမ်းပိုင်းများအားလုံးကို မေလ ၂၄ ရက်မှစတင်ပြီး အသုံးမပြုကြဖို့ အင်းတော် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။

Related posts

စကမ ရဲ့ ကပစ ၆ ကို AA ထိုးစစ်ဆင်၊ ကာကင်းအချို့ သိမ်းပိုက်ရရှိ

Rakhita Times

ရက္ခိုင်ပါတီများ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိ

Rakhita Times

ကျောက်ဖြူကို စစ်ကောင်စီဒရုန်းနဲ့ ဗုံးကြဲ၊ ဒေသခံ ၁ ဦး သေဆုံး

Rakhita Times

2 comments

ed.coop မေ 31, 2026 at 4:20 မနက်

References:

Cassino italy ed.coop

Reply

Leave a Comment