NewsPolitic

စနဲတိုက်ပွဲ ၃ ရက်အတွင်း AA က ရန်သူ့အလောင်း ၄၀ ကျော် ရရှိ

အာရက္ခတိုင်းမ်စ် (၂ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို ရွေးတုအစိုးရရဲ့ စစ်တပ်က စစ်ကြောင်းထိုးလာလို့ အာရက္ခတပ်တော်က တိုက်ခိုက်ရာ ၃ ရက် အတွင်း စစ်သားအလောင်း ၄၀ ကျော် နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“မေလ ၂၈ ရက်ကနေ ၃၀ ရက်အထိပေါ့၊ ၃ ရက်အတွင်းကို ရန်သူအလောင်း ၄၀ ကျော်ရတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီးပဲ ရလိုက်တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ် စနဲမြို့ကို ရွေးတုအစိုးရရဲ့ တပ်တွေဖြစ်တဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉ တပ်ရင်းများက ထုတ်နှုတ်အင်အား စုစုပေါင်း ၄၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လေကြောင်းနဲ့ ရေကြောင်းကပါ လက်နက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

“မေလ ဒုတိယအပတ်ကလည်း စစ်သား ၁၀၀ ကျော် သေပြီးတော့ တောင်မော်ကြီးရေတပ်စခန်းကို ပြန်ဆုတ်သွားတယ်။ အခုက စစ်မှုထမ်းဆင်း စစ်သားတွေနဲ့ အင်အားပြန်ဖြည့်ပြီး ထိုးစစ်ပြန်ဆင်နေတာ။ အခုတော့ စစ်ဦးကျိုးပြီး တပ်လန်သွားပြီ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

လက်ရှိမှာ ရွေးတုအစိုးရရဲ့ တပ်တွေကို အာရက္ခတပ်တော်က ခုခံစစ်၊ တန်ပြန်ထိုးစစ် စတဲ့ နည်းဗျူဟာတွေနဲ့ တိုက်ခိုက် ခြေမှုန်းနေတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံများကို t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

ရေသန့်ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းများ ULA ရဲ့ FDA ဌာန ထုတ်ပြန်

Rakhita Times

AA ထိန်းချုပ်တဲ့ ၄ မြို့နယ်မှာ စကမ က ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်လာနိုင်

Rakhita Times

နတ်ရေကန်ကို တမင်မသိမ်းပဲ စစ်သားတွေကို အမှည့်ချွေနေတာလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

Rakhita Times

185 comments

Leave a Comment