NewsPolitic

ရမ်းဗြဲကို ဗုံးကြဲခံရလို့ စစ်ရှောင် ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်ကို ရွေးတုအစိုးရက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဇွန်လ ၁ ရက် ည ၉ နာရီခွဲခန့်က ဗုံး ၄ လုံးကြဲချခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ကြောင်ချတွင်း စစ်ရှောင်စခန်းကို ဗုံးလာကြဲသွားတာ၊ သေတာကတော့ သက်ကြီးပိုင်းတွေလေ။ လေယာဉ်သံကြားတော့ လူငယ်တွေက ပြေးလွှားပုံးနိုင်ပေမယ့် လူကြီးတွေကျ မပြေးနိုင်ဘူးလေ။ သေတာကတော့ သက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေလည်းပါတယ်။ နာမည်အတိအကျတော့ မသိသေးဘူး” လို့ ရမ်းဗြဲမြို့နယ် စစ်ဘေးရှောင်အရေး ကူညီလုပ်ကိုင်ပေးနေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရွေးတုအစိုးရဟာ ဇွန်လ ၁ ရက် မနက် ၉ နာရီခန့်မှာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် ဆားပြင်အုပ်စု ကင်းတောင်ကျေးရွာကို ဂျက်ဖိုက်တာ ၄ စီး၊ Y-12 တို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တောင်ကုတ်မြိုနယ် ဆားပြင်အုပ်စု အနီးအနားရှိ ကျေးရွာများတွင် စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေကြတဲ့ နေရာများဖြစ်ပြီး စစ်ဘေးရှောင် အများစုဟာ ကျောက်ဖြူဒေသခံ ပြည်သူများ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလို့ ဒေသခံပြည်သူများအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုရန် အာရက္ခတအ်တော်က သတိပေး တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

မိုးရာသီ ဘေးအန္တရာယ် ကင်းစင်ရေး ရှောင်ရန် ဆောင်ရန် ပို့ဆောင်ရေးဌာန ထုတ်ပြန်

Rakhita Times

စစ်တွေမှာ Mytel အင်တာနက်နဲ့ MyID တစ်ခုသာ သုံးလို့ရ

Rakhita Times

နှစ်သစ်ကူးအထိမ်းအမှတ် မောင်တောက အကျဉ်းသား ၆၇ ယောက်ကို AA လွှတ်ပေး

Rakhita Times

Leave a Comment