EnvironmentNewsPolitic

AA ထိန်းချုပ်နယ်မြေတွေမှာ စိမ်းလန်းသာယာစေရန် သစ်ပင်စိုက်ပျိုး

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ စိမ်းလန်းသာယာစေရန် မိုးဦးကာလမှာ သစ်ပင်များ စုပေါင်း စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

“ အပတ်စဉ် စနေနေ့တိုင်းကို တနေရာစီမှာ သစ်ပင်တွေ စိုက်ပျိုးသွားမှာပါ။ ဒီတပတ်ကတော့ မြောက်ဦးမှာ စတင်တာပါ။ နောက်အပတ်တွေမှာလည်း နောက်ထပ်နေရာတွေမှာ ထပ်မံ စိုက်ပျိုးသွားဖို့ ရှိပါတယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုးဦးအကြိုအနေနဲ့ စိုက်ပျိုးခဲ့တဲ့ သစ်ပင်အမျိုးအစားများမှာ ပိတောက်ပင်၊ ပျဉ်းကတိုးပင်နဲ့ တခြား အရိပ်ရအပင်များလည်း ပါရှိတယ်လို့ သိရပါတယ်။

ပထမအကြိမ်အနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်က ဌာနဆိုင်ရာ ဝန်ထမ်း ၃၀၀ ခန့် စုပေါင်းပြီး တ်ဝန်းကျင်စိမ်းလန်း စို‌ပြေရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်ပြီး စိုက်ပျိုးခဲ့တာလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည်အတွင်း မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုးခြင်းများကို မြို့ပြနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပြင် တိုက်နယ် ရပ်ရွာတွေက တအိမ်လျှင် တပင်ကျစီ စိုက်ပျိုးကြရန်လည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် စိမ်းလန်းသာယာစေရေးအတွက် “ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းကိုလည်း ဇွန်လ ၁ ရက်က စတင်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စတင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက ပြည်သူလူထုများအ‌နေနဲ့လည်း အများအကျိုးအတွက် ရည်ရွယ်ပြီး စိမ်းလန်းစိုပြေတဲ့ ဒီရေတောများနဲ့ သစ်တောများ ဖြစ်ထွန်းလာစေရေးအတွက် သစ်ပင်များ စိုက်ပျိုးလိုပါက ဇွန်နဲ့ ဇူလိုင်လများတွင် မျိုးပင်များ အခမဲ့ လာယူနိုင်ပါတယ်လို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။

Related posts

ရက္ခိုင်မှာ ULA/AA က ဒေသန္တရအမိန့် ထပ်ထုတ်

Rakhita Times

မင်းပြားတွင် နေအိမ်တဆောင်မီးလောင်

Rakhita Times

တခြားအမည်နဲ့ ပါတီမှတ်ပုံတင်ရမယ်ဆိုရင် မတင်ဘူးလို့ ANP ပြော

Rakhita Times

Leave a Comment