HealthNewsPolitic

ကျေးရွာ ၁၀ ရွာကျော်က ၅ နှစ်အောက် ကလေးတွေကို AA က အခမဲ့ ကာကွယ်ဆေးထိုးပေး

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေခရိုင် ရသေ့တောင်မြို့နယ်က ကျေးရွာ ၁၀ ရွာကျော်က ၅ နှစ်အောက် ကလေးငယ်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ သိရပါတယ်။

“အသက် ၉ လ ကနေ ၅ နှစ်အထိ ကလေးတွေကို ဝက်သက် ဂျိုင်းသိုး ရောဂါ ကာကွယ်ဆေးတွေ ထိုးပေးခဲ့တယ်” လို့ ရသေ့တောင်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရသေ့တောင်မြို့နယ်က ကလေးသူငယ်တွေကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလက စတင် ထိုးနှံပေးနေပြီး ယခု အချိန်ဟာ ၅ ကြိမ်မြောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၂ လ နဲ့ ၁ နှစ်ကြား ကလေးငယ်များအတွက် ပိုလီယိုရောဂါကာကွယ်ရန် OPV သောက်ဆေး၊ ဆုံဆို့နာ၊ မေးခိုင်နဲ့ ကြက်ညှာချောင်းဆိုး ရောဂါ (၃) မျိုးကို ကာကွယ်ပေးတဲ့ (DPT) ထိုးဆေး နဲ့ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (JE) များ ထိုးနှံပေးခဲ့တာလို့လည်း သိရပါတယ်။

ဆက်လက်ပြီးတော့ ၁ နှစ် နဲ့ ၃ နှစ်ကြား ကလေးငယ်တွေကို ရေကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရေကျောက်ရောဂါကာကွယ်ဆေး၊ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ်တွေကို အသည်းရောင်အသားဝါ – A ကာကွယ်ဆေးနဲ့ ဦးနှောက်အမြှေးရောင်၊ သွေးဆိပ်သင့်ရောဂါများကို ကာကွယ်ပေးတဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

Photo – APM

Related posts

စကမက ကျန်ဒေသတွေထက် ရှမ်းမြောက်ကိုပဲ အဓိကအာရုံစိုက်နေ

Rakhita Times

စစ်တွေတွင် တစ်ပတ်အတွင်း စားဆီ ၁ လီတာ တစ်သောင်းကျော် ဈေးတက်

Rakhita Times

■ အိန္ဒိယအတွက် သတိပေးခေါင်းလောင်း ဖြစ်လာသည့် ပါကစ္စတန်၏ သံတမန်အောင်ပွဲ

Rakhita Times

215 comments

Leave a Comment