အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် အဥ္ဇနပူရမြို့က မြစ်ရေတိုက်စားခဲ့လို့ ကမ်းပါးပြိုပြီး နေအိမ်ပျက်စီးသွားတဲ့ နေအိမ် ၃၈ အိမ်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အိမ် ၁ အိမ်ကို ငွေကျပ် ၈ သိန်းစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၃ ရက်က စတင်ပြီး ကမ်းပါးပြိုကျတာတွေ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
“ဒီနေ့ နေ့လည် ၁ နာရီလောက်က အခမ်းအနားနဲ့ ထောက်ပံ့ကြေးပေးတာပေါ့။ အားလံးပေါင်း ၃၈ အိမ်အတွက် ထောက်ပံ့တာပေါ့လေ။ ဆက်ပြီးတော့လည်း ကျန်ရှိတဲ့ အိမ်တွေကို ဆက်ထောက်ပံ့မယ် ပြောပါတယ်” လို့ အဥ္ဇနပူရမြို့ဒေသခတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ထောက်ပံ့ခဲ့တဲ့ နေအိမ် ၃၈ အိမ်ကတော့ ဦးစိုးတင့်ရပ်ကွက်က ၁၆ ၊ ပြည်တော်သာရပ်ကွက်က အိမ် ၂၀ ၊ မင်းဘာကြီးရပ်ကွက်က ၁ အိမ်နဲ့ ဥက္ကာပျံရပ်ကွက်က ၁ အိမ် ပါဝင်တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည် အဥ္ဇနပရမြို ကမ်းနားရပ်ကွက်တွေဟာ နှစ်စဉ်နှစ်တိုင်းလိုလို မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလေ့ရှိလို့ မြစ်ရေကြောင်း ပြောင်းလဲမှု လုပ်ဆောင်ပေးရန် လိုလားနေကြတယ်လို့လည်း သိရပါတယ်။
Photo-APM

8 comments