NewsPolitic

ဂွကို ရွေးတုအစိုးရ ဗုံး ၂ ကြိမ်ချ၊ စာသင်ကျောင်နဲ့ နေအိမ်တချို့ ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်ကို ရွေးတုအစိုးရက ဂျက်ဖိုက်တာနဲ့ ဇွန်လ ၁၄ ရက် ည သန်းခေါင် နဲ့ ဇွန်လ ၁၅ မနက် အစောတွင် ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ ဂွမြို့နယ်ထဲက ကျောက်ချွန်ရွာကို ၁၄ ရက်နေ ညသန်းခေါင် ၁၂ နာရီ မတီးခင်မှာ ၁ ကြိမ်နဲ့ သန်းခေါင်ကျော် ၁၅ ရက် မနက်အစောကြီးကို ၁ ကြိမ် ၂ ကြိမ် လာပြီးတော့ ကြဲချသွားတာ၊ စာသင်ကျောင်း၊ အိမ်၊ နွားတင်းကုတ်နဲ့ နွား ၁ ကောင် ထိသွားတယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲချခဲ့လို့ ဂွမြို့နယ် ကျောက်ချွန်ရွာ စာသင်ကျောင်း၊ ဦးတင်ချိုရဲ့ နေအိမ်၊ ဦးကျော်ဆန်းအောင်ရဲ့ နွားတင်းကုတ် ပျက်စီးသွားပြီး နွားတစ်ကောင်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ စစ်ရေးအရ ရှုံးနိမ့်သွားလို့ သူ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို နေဗီကနေ လက်နက်ကြီးနဲ့ ပတ်ခတ်ခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဇွန်လ ၈ ရက်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ် နေဗီက လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နဲ့ ၂၁ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ ကျိန္တလီမြို့ကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးတာ ရှိခဲ့ပါတယ်။

Related posts

၉၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဖမ်းမိတွင် AA တရားခံလို့ စစ်ကောင်စီဝါဒဖြန့်

Rakhita Times

ကြံတစ်တန်ကို ငွေကျပ် ၂ သိန်းအထိ စံချိန်တင် ဈေးတိုးမြှင့်လာ

Rakhita Times

မိုးတွင်းကာလ သင်္ဘောမရောက်မှာကို စစ်တွေဒေသခံတို့ စိုးရိမ်

Rakhita Times

Leave a Comment