HealthNewsPolitic

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်းက အမျိုးသမီး ၈၀ အတွက် လစဉ်သုံးပစ္စည်း ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၉ မေ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းတခုက အမျိုးသမီး ၈၀ ဦးအတွက် လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း ဥက္ကဌ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက် မနက် ၁၀ နာရီမှာ အဆိုပါ မြို့နယ်ထဲက စစ်ရှောင်အမျိုးသမီးတွေကို ထောက်ပံ့ကူညီခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီ Camp မှာတော့ အမျိုးသမီး ၈၀ လောက်ကို အမျိုးသမီးတယောက်ကို လေးခုနှုန်းနဲ့ ကျနော်တို့ ထောက်ပံ့ ကူညီခဲ့တယ်ဗျ။ သွားပေးခဲ့တဲ့ စစ်ရှောင် Camp မှာတော့ တခြားအဖွဲ့တွေလည်း မလာတာ ကြာပြီ ပြောတယ်။ ဒီ Camp မှာတော့ စစ်ရှောင်တွေက စားဝတ်နေရေးရော မိုးရာသီကာလဆို‌တော့ အခက်အခဲတွေတော့ အများကြီး ရှိတယ်ဗျ” လို့ ကိုမျိုးချစ်က ပြောပါတယ်။

စစ်ရှောင် Camp များမှာ နေထိုင်နေရတဲ့အတွက် အလုပ်အကိုင် ရှားပါးသလို တောင်ပေါ်သွားရောက်ပြီး ထင်းခုတ်ခြင်း၊ ထင်းခွေခြင်း စတဲ့ အလုပ်တွေကို တနေကုန်နီးပါး လုပ်ကိုင်နေခဲ့ပေမယ့် ငွေကျပ် ၅ ထောင်သာ ရရှိတဲ့အတွက် နေ့စဉ် လူနေမှုဘဝအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှု မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတွေရဲ့ တကိုယ်ရည် ကျန်းမာရေးနဲ့ပတ်သက်ပြီး မြေပြင်ရှိ အသင်းအဖွဲ့တွေက လှူဒါန်းပေးနေပေမယ့် လစဉ်သုံးပစ္စည်း အလှူရှင်တွေလည်း လိုအပ်လျက် ရှိတယ်လို့ သိရပါတယ်။

Related posts

စစ်တွေမှာ ကုန်တင်/ကုန်ချ ကြန့်ကြာနေလို့ ကုန်စျေးနှုန်း ထပ်တက်

Rakhita Times

ပလက်ဝတွင် AA က ကလေးငယ်များကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပေး

Rakhita Times

သူပုန်ဖြူကဗျာစာအုပ် ‌ဒေါ်လာ တသောင်း နဲ့ လေလံ စံချိန်တင်

Rakhita Times

227 comments

Leave a Comment