NewsPolitic

နှင်းဆီးပန်း ရင်ထိုးတပ်လို့ ပိုင်ဇေရဲထွန်းကို တပ်ထောက်ခံသူတွေက အရေးယူခိုင်းနေ

အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၆)

၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်တွင် Skynet ရုပ်သံလိုင်းတွင် ထုတ်လွှင့်ခဲ့တဲ့ The Mask Singer Myanmar အစီအစဉ်တွင် အစီအစဉ်တင်ဆက်သူ ပိုင်ဇေရဲထွန်းက နှင်းဆီပန်းရင်ထိုးတပ်ဆင်ခဲ့လို့ ရွေးတုအစိုးရအနေနဲ့ အရေးယူရန် တိုက်တွန်း နှိုးဆောင်နေတယ်လို့ သိရပါတယ်။

“ ပြောရရင်တော့ The Mask Singer Myanmar ဆိုတာ မြန်မာပြည်သူတွေ စိတ်ဝင်စားမှုရှိတဲ့ TV Show အစီအစဉ်ပါ။ သူ့ဟာသူ လွန်ခဲ့တဲ့ ဘယ်ရက်ကပဲ ရိုက်ကူးထား၊ ရိုက်ကူးထား ဇွန်လ ၁၉ ရက် သောကြာနေ့မှာ ထုတ်လွှင့်တယ်ဆိုတာကတော့ ရည်ရွယ်ချက် ရှိကို ရှိပါလိမ့်မယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ သွေးတိုးစမ်းတဲ့ သဘောပါ။ ဒီလို ဖြစ်ရပ်မျိုးကို ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင် “ အစရှိ အနှောင်နှောင်” လိုက်လုပ်ကြမယ့်သူတွေ ဒုနဲ့ဒေးပေါ့။ ဒါကြောင့် စံနမူနာပြ အရေးယူသင့်တယ်လို့ မြင်မိပါတယ်” လို့ တပ်ထောက်ခံသူတစ်ဦးက ရေးသားထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်မြောက်မွေးနေ့အဖြစ် ဇွန်လ ၁၉ ရက်က နှင်းဆီသပိတ် လှုပ်ရှားမှုကို နိုင်ငံတကာတွင် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့အထိ ငါးနှစ် လေးလ နဲ့ ၁၈ ရက်ကြာ ဖမ်းဆီးထားတာလည်း ဖြစ်ပါတယ်။

Related posts

ကျောက်ဖြူကို စကမ နေဗီက လက်နက်ကြီးပစ်လို့ အမျိုးသားတဦး ဒဏ်ရာရ

Rakhita Times

မူးယစ်ဆေးဝါးအမှုက နိုင်ငံရေးသိက္ခာချတာလို့ AA တုန့်ပြန်

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၃ သြဂုတ် ၂၀၂၅)

Rakhita Times

Leave a Comment