NewsPolitic

စစ်တွေ ဒကစ အနီးက ရွာတွေကို ရွေးတုအစိုးရတပ် ဖျက်ဆီးပြီး စစ်စခန်းလုပ် ခံစစ်ပြင်နေ

အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်ရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အနီးက ကျေးရွာတွေကို ရွေးတုအစိုးရတပ်က ဖျက်ဆီးပြီး စစ်စခန်းချကာ ခံစစ်ပြင်နေတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်အနီးရှိ တောကန်ရွာ၊ ကျားမသောက်တပ်ရင်းအနီးရှိ ကျားမသောက်နဲ့ ကျောက်တန်းချေရွာ၊ ပါဒလိတ်တပ်ရင်းအနီးရှိ ကြွီတဲနဲ့ ကျောက်တန်းကြီးရွာတွေက ဒေသခံနေအိမ်တွေ ဖျက်ဆီး ရောင်းချပြီး စစ်စခန်းတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

“အဲရွာတွေလူတွေ မြို့ထဲကို ပြေးလာကြတာ၊ သူတို့ကို စစ်တပ်က နှင်ထုတ်လိုက်တယ်တဲ့။ အိမ်တွေကိုလည်း ဖြိုဖျက်ပြီးတော့ ထင်းရောင်းစားနေကြတယ်။ ပြီးတော့ လူတရပ်လောက်ရှိတဲ့ မြောင်းတွေတူးတယ်။ ဘန်ကာတွေလည်း ဆောက်နေတယ် ပြောကြတယ်။ ရွာလုံးကျွတ်ကို ဖျက်ဆီးလိုက်ပြီ ပြောပါတယ်” လို့ စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် နဲ့ ရွေးတုအစိုးရတပ်တို့ဟာ ဒကစ အနီးရှိ နာရီကန်၊ ပါဒလိတ်၊ တောကန်၊ ကျားမသောက်နဲ့ မယူမြစ် အရှေ့ဘက်ကမ်းက အမြင့်ကျွန်း၊ ကြွီတဲ စတဲ့နေရာတွေမှာ တိုက်ပွဲတွေ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းကလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ရွေးတုအစိုးရရဲ့ စစ်ရေယာဉ် ၃ စီးကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ၁ စီး မီးလောင်နစ်မြုပ်သွားပြီး ၁ စီးက မီးခိုးအူပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်

Rakhita Times

သမိုင်းသစ်ကာလသို့ လျှောက်လှမ်းရာဝယ်

Rakhita Times

AA က အခြားတိုင်းရင်သားအဖွဲ့နဲ့ ကွဲပြားပြီး ရက္ခိတလမ်းစဉ်ကို ဖော်ဆောင်နေ

Rakhita Times

95 comments

Leave a Comment