NewsPolitic

ရေကြည်က ၁၈၈ တောင်ကုန်းစခန်းကို AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆)

ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရေကြည်မြို့နယ်က ရွေးတုအစိုးရတပ်ရဲ့ ၁၈၈ တောင်ကုန်းစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဇွန်လ ၂၀ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ ဟုတ်ပါတယ်။ ၁၈၈ တောင်ကုန်းကို ရလိုက်တာလေ။ သတင်းတွေလည်း တက်နေပါပြီ။ ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူး။ ရန်သူ့အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ တော်တော် ရလိုက်တယ် ကြားပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ လက်ရှိတွင် ရက္ခိုင်ပြည်ပဖြစ်တဲ့ နတ်ရေကန်၊ ညောင်ကျိုး၊ မြောက်စမ်း အမတ ၃၄၄ စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖော်ဆောင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

“ ဧရာဝတီတိုင်းမှာဆိုရင် မြောက်စမ်း အမတ ၃၄၄ (အမြောက်တပ်ရင်း) ဟာ ကျလုလု ဖြစ်လာတဲ့အတွက် ငဝန်မြစ်တစ်ဘက်ကမ်း အထိ စစ်ကြောင်းတွေ တပ်ဖြန့်လာခဲ့ရပါတယ်။ ခံစစ်နယ်မြေသစ်တစ်ခု အရေးပေါ် ပြောင်းရွှေ့လိုက်ရခြင်း ဖြစ်ပါတယ်” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ဇွန်လ ၁၇ ရက်ကလည်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ရိုးမအစပ်ရှိ ရွေးတုအစိုးရ တပ်စွဲထားတဲ့ ကြောင်လျှာရွာအနီးက တပ်စခန်းငယ် ၃ ခုကို သိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိမှာတေ့ ရွေးတုအစိုးရဟာ ရေကြည်မြို့နယ်က ဘုရာကြီးရွာတွင် အမြောက်တပ် အထိုင်ချ တပ်ဆွဲထားပြီး ရွှေရင်မျှော်ကုန်း၊ မရမ်းချို၊ မြေရဲ နဲ့ ကမ္ဘားနီဘက်ကိုပါ အမြောက်တပ်တွေ ထပ်ချဲ့နေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ ဘိန်းစာရွက် လက်ဝယ်တွေ့ရှိပါက ထောင် ၅ နှစ် ချမှတ်မည်

Rakhita Times

NUG က ဖွဲ့စည်းလိုက်တဲ့ SCEF မှာ AA မပါတာ ဘာကြောင့်လဲ

Rakhita Times

ပလက်ဝတွင် ၇၈ ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  ကျင်းပပြုလုပ်၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက် ဂုဏ်ပြု

Rakhita Times

Leave a Comment