NewsPolitic

MNDAA ထိန်းချုပ်ရာက စစ်ရှောင်တွေကို AA ဆန်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆)

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ပန်ဆိုင်းမြို့နယ်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများနဲ့ စစ်ရှောင်များကို ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီခန့်တွင် အာရက္ခတပ်တော် (AA) က ဆန်အိတ်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ဒီမှာက တိုက်ပွဲကာလအတွင်း ရောက်လာတဲ့သူတွေလည်း ရှိတယ်။ နောက်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေပေါ့။ အလုပ်အကိုင် ရှားပါးတော့ တော်တော် ခက်ခဲကြတယ်။ အခုလို ကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်” လို့ ကချင်ယဉ်ကျေးမှုအသင်းဝင်အမျိုးသမီးတစ်ဦးက မိုင်းယုသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၉ရက် မနက် ၁၀နာရီခန့်တွင် အာရက္ခတပ်တော် – AA (မီးနဂါးစစ်ဒေသ)က ဆန်အိတ် ၆၇ အိတ်ကို ကချင်စာပေယဉ်ကျေးမှုထံကတဆင့် ကူညီထောက်ပံ့ ပေးခဲ့တာလို့လည်း သိရပါတယ်။

အာရက္ခတပ်တော်က ဆန်အိတ်လှူဒါန်းပေးခဲ့တဲ့သူတွေဟာ ၁၀၂၇ စစ်စဉ်ရေးကာလအတွင်း ပန်ဆိုင်းမြို့ကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်များနဲ့ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့ ရောက်ရှိလာကြတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ရှောင်နဲ့ ရွှေ့ပြောင်းအလုပ်သမားများဟာ အလုပ်အကိုင် ရှားပါးတဲ့အတွက်ကြောင့် နေထိုင် စားဝတ်နေရေးအပြင် အိမ်ငှားစရိတ်များပါ ပေးဆောင်ရန်အတွက် အခက်အခဲ ရှိနေကြတယ်လို့လည်း သိရပါတယ်။

Related posts

စစ်တွေမှာ စက်သုံးဆီ ဈေးကစားမှု ကုန်သည်တွေကို ခေါ်ယူဆွေးနွေးသင့်

Rakhita Times

သံတွဲ၊ ငပလီတကြောကို ရွေးတုအစိုးရ ဂျက် ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်နေ

Rakhita Times

ကျိန္တလီကို ရွေးတုအစိုးရတပ်ရဲ့ နေဗီကနေ လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်

Rakhita Times

72 comments

Leave a Comment