EnvironmentNewsPolitic

စစ်တွေသူ မသီရိစိုး အမှတ်ပေါင်း ၅၆၂ မှတ်နဲ့ the whole burma first ရရှိ

အာရက္ခတိုင်းမ်စ် (၂၈ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေသူဖြစ်တဲ့ မသီရိစိုးဟာ အမှတ်ပေါင်း ၅၆၂ မှတ်နဲ့ the whole burma first ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြိုနယ်ရှိ ကပက (CAE) ကိုယ်ပိုင်အထက်တန်းကျောင်းက ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ စတဲ့ ဘာသာရပ်တို့နဲ့ the whole burma first ကို (သိပ္ပံဘာသာတွဲ) နဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့ဆီမှာ Grade 11 တည်းက လာနေတာရှင့်။ ဘယ်လိုပြောရမှာတုန်း ဂုဏ်ယူတာပေါ့။ ကိုယ့်ကလေးတွေအတွက် ဝမ်းသာပါတယ်” လို့ The Conqueror Academy of Education (CAE) ရဲ့ ဒါရိုက်တာဖြစ်သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ နေပြည်တော်၊ ပဲခူးတိုင်း (အရှေ့)၊ ပဲခူးတိုင်း (အနောက်)၊ မကွေး၊ မန္တလေး၊မွန်၊ ရက္ခိုင်၊ ရန်ကုန်၊ ရှမ်းပြည် (တောင်ပိုင်း)၊ ရှမ်းပြည် (မြောက်ပိုင်း)၊ ရှမ်းပြည် (အရှေ့ပိုင်း)၊ ဧရာဝတီ နဲ့ နိုင်ငံခြားတို့က ဖြေဆိုသူ စုစုပေါင်း ၂၅၅၂၂၈ ဦး ရှိပြီး ၁၃၃၆၇၃ ဦး အောင်မြင်ခဲ့ပါတယ်။

သူတို့အနက် ရက္ခိုင်ပြည်မှာတော့ ဖြေဆိုသူ ၁၆၉၂ ဦးရှိပြီး ၈၂၀ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအရ ၄၈ ဒသမ ၄၆ ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မွေးနေ့ဆုတောင်းပေးသူများကို ပြန်လည်ဆုတောင်း မေတ္တာပို့

Rakhita Times

ကမ်းပါးပြိုလို့ နေအိမ်ပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၅၅ စုအတွက် တစ်အိမ်ထောင်လျင် ၅ သောင်းစီ လှူဒါန်း

Rakhita Times

အမ်းမြို့ပေါ် တိုက်ပွဲရှောင်တွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

Rakhita Times

120 comments

Leave a Comment