NewsPolitic

AA ကို ခုခံရန် အမတ ၃၄၄ နဲ့ လေးမျက်နှာကို စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၅ ဇူလိုင် ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် ရေကြည်မြို့နယ်က အမြောက်တပ် အမတ ၃၄၄ နဲ့ လေးမျက်နှာမြို့နယ်တွေကို ရွေးတုအစိုးရတပ်က စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“ရန်သူသည် (၃၄၄) အမြောက်တပ်သို့ ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထပ်မံ အင်အား ဖြည့်တင်းနေသည့်နည်းတူ လေးမျက်နှာဘက်တွင်လည်း အင်အားဖြည့်တင်းလျက် ရှိသည်” လို့ အာရက္ခတပ်တော်က ဇူလိုင်လ ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ရွေးတုအစိုးရဟာ ပုသိမ်-မုံရွာလမ်းပိုင်း စိုးမိုးရေးကိုလည်း တပြိုင်တည်းဆောင်ရွက်နေပြီး အဆိုပါ လမ်းတစ်လျောက်ကိုလည်း တပ်ဖြန့်နေရာယူတာတွင် စစ်အင်အား အများအပြား အသုံးပြုနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပွိုင့် ၂၂၇ ကုန်းက ထွက်ပြေးနေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းက တပ်သားတွေကို လိုက်လံ ချေမှုန်းနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

တမန်းသားရွာက ပျောက်နေတဲ့ ရွာသား၅ ဦး အသတ်ခံလိုက်ရပြီလို့ သတင်းထွက်ပေါ်

Rakhita Times

ဂွမြို့နယ်ကို စကမက နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Rakhita Times

ရက္ခိုင်ပြည်တွင် ဝါကျွတ်ပွဲတော်ကို လူစု လူဝေးဖြင့် မပြုလုပ်ရန် AA ထုတ်ပြန်

Rakhita Times

122 comments

Leave a Comment