NewsPolitic

ဂွနဲ့ ဘောမိကမ်းခြေကို ရွေးတုအစိုးရနေဗီကနေ လက်နက်ကြီး အကြိမ် ၉၀ ခန့် ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ဂွကမ်းခြေနဲ့ ဧရာဝတီတိုင်း ဘောမိကမ်းခြေကို ရွေးတုအစိုးတပ်ရဲ့ နေဗီ ၄ စီးကနေ လက်နက်ကြီးနဲ့ အကြိမ်ရေ ၉၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“၂၀၂၆ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက် ၇ နာရီ ၄ မိနစ်ခန့်အချိန် ကစပြီး နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်အထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ဂွကမ်းခြေ နဲ့ ဧရာဝတီတိုင်း ဘောမိကမ်းခြေ တစ်လျှောက်ကို စစ်သင်္ဘော ၄ စီးပေါ်ကနေ မရပ်မနား အစုန်အဆန် လှည့်ပတ်ပြီး လက်နက်ကြီး အကြိမ်အရေအတွက် (၈၇) ကြိမ်ခန့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အဆိုပါကဲ့သို့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်အချို့မှာ အပြစ်မဲ့ အရပ်သားပြည်သူများရဲ့ နေအိမ်များကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ရွေးတုအစိုးတပ်ရဲ့ နေဗီ ၄ စီးကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကတော့ ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ ၃ ရပ်ကွက်နေ အသက် ၅ နှစ်အရွယ် မရတနာထွန်း၊ အသက် ၁၇ နှစ်အရွယ် မသင်းသီရိထွန်း၊ အသက် ၄၅ နှစ်အရွယ် ဒေါ်မထား၊ အသက် ၄၈ နှစ်အရွယ် ဦးညိုထွန်း၊ အသက် ၅၀ အရွယ် ဒေါ်မိဝိုင်းနဲ့ အသက် ၇၄ နှစ်အရွယ် ဒေါ်သန်းမေတို့ ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်-ဧရာဝတီ အစပ် တိုက်ပွဲများတွင် စခန်းကုန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်ရခြင်း၊ အထိအခိုက် အကျအဆုံးများနဲ့ နေ့စဉ်ရက်ဆက် ရင်ဆိုင်နေရတဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ဂွမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲခြင်း၊ ရေကြောင်းကနေ စစ်သင်္ဘောများမှ လက်နက်ကြီးများနဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းများကို တောက်လျှောက် ပြုလုပ်ပြီး အကြမ်းဖက်မှုများကို ကျူးလွန်နေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

(ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)

Related posts

စကမ ဗုံးကြဲလို့ သံတွဲစစ်ရှောင် အမျိုးသမီးတဦး သေဆုံး

Rakhita Times

ကပစ ၁၆ တပ်မိသားစုများ စစ်ဘေးရှောင်ဘဝရောက်နေရ

Rakhita Times

96 Soldiers PDF တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား AA တက်ရောက်

Rakhita Times

126 comments

Leave a Comment