NewsPolitic

ရက္ခိုင်တွင် ရွေးတုအစိုးရတပ်က စစ်ကူပို့တဲ့တစ်ဖွဲ့လုံး လက်နက်ချ၊ အရာရှိတွေပါ ပါဝင်

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်ကို စစ်ကူပို့လိုက်တဲ့ ရွေးတုအစိုးရတပ်ရဲ့ တပ်ဖွဲ့တစ်ဖွဲ့လုံး အာရက္ခတပ်တော်ထံ လက်နက်ချသွားပြီး လက်နက်ချသူတွေထဲမှာ အရာရှိတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဒီတစ်ပတ်မှာတော့ ရက္ခိုင်ဘက် စစ်ကူပို့လိုက်တဲ့ တစ်ဖွဲ့လုံး အရာရှိတွေပါ လက်နက်ချသွားကြတာကို တွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အောက်ခြေက အသက်တွေ ဘဝတွေကို ဖက်ရွက်တွေလို သဘောထားနေကြမှန်း သဘောပေါက်လာကြပုံပါပဲ။ ကျန်ရှိ စစ်သည်တွေလည်း မိမိမိသားစုဘဝ အနာဂတ်နဲ့ တိုင်းပြည်အနာဂတ်အတွက် လေးလေးနက်နက် စဉ်းစားကြဖို့ လိုနေပါပြီ” လို့ ပြည်သူ့ပန်းတိုင်က ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ရွေးတုအစိုးရတပ် တပ်ဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၂၅ ဦး ရှိတယ်လို့ အသိပေးပါတယ်။

စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့ ရွေးတုအစိုးရတပ်သား ၁၂၀ ဦးရှိပြီး ရက္ခိုင်ပြည် ၁၁၇ ဦးနဲ့ အများဆုံးဖြစ်ကာ စစ်ကိုင်းနဲ့ ကရင်နီတို့မှာလည်း ဖမ်းဆီးရမိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် ဇွန်လ စတုတ္ထပတ်အထိ အလင်းဝင် ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃,၆၇၈ ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

Related posts

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times

သက္ကမကျောင်းသားတွေကို ULA ပညာရေးနဲ့ အားကစားရေးအတွက် ကူညီပေး

Rakhita Times

■ အမေရိကန်နဲ့ တရုတ် ပြိုင်ဆိုင်မှုကို စစ်မခင်းဘဲ ထိန်းကျောင်းနိုင်မယ့် နည်းလမ်း

Rakhita Times

Leave a Comment