EnvironmentNewsPolitic

မြောက်ဦးတွင် ရပ်ကွက်အချို့ ရေနစ်မြုပ်

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ဇူလိုင်လဆန်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းနေလို့ ရပ်ကွက်တစ်ချို့ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

“အမှတ် ၁ တိုက်နယ်ထဲက ရုပ်ချောင်းမှာတော့ မိုးကြီးလို့ ရေကြီးနေပြီ။ တခြားနေရာတွေမှာလည်း ကြီးနေတယ်ကြားတယ်။ ကျမတို့က လိုင်းမရတော့ ကိုယ်နေတဲ့ နေရာပဲ ခုတော့ သိသေးတယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဇူလိုင် ၅ ရက်ကစတင်ပြီး ကာလတို၊ ကာလလတ်ကို Meteoblue ICON Model အရ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးရေချိန်ပမာဏ အရောင်ရင့် ပြောင်းလဲလာလို့ မိုးကြီးရေလျှံမှုအန္တရာယ်ကို သတိထားရမယ်လို့ သိရပါတယ်။

အလားတူ မြေပြိုဘေးအန္တရာယ် အနေနဲ့ ချင်းပြည်နယ်၊ ရက္ခိုင်င်ရိုးမတောင်တန်းနဲ့ တနင်္သာရီတောင်တန်းဒေသများတွင် မိုးရေချိန် စုစုပေါင်း များပြားလာခြင်းကြောင့် တောင်စောင်းမြေသားများ တည်ငြိမ်မှု ပျက်ပြားကာ မြေပြိုခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများ ဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မုတ်သုံလေ အရှိန်ပြင်းထန်မှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေဝန်းကျင်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်လို့ ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းများ သတိပြုကြရန်လည်း နှိုးဆော်ထားပါတယ်။

Related posts

တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့သူတွေကို ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဂုဏ်ပြုဆုပေးအပ်

Rakhita Times

ကျောက်ဖြူမကျရေး စစ်ကော်မရှင် အသေခံဒရုန်းတွေနဲ့ပါ အသည်းအသန် ခုခံနေ

Rakhita Times

ရက္ခိုင်ပြည် ပဲ့ထွက်မသွားဖို ICJ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတာလို့ ALP ပြော

Rakhita Times

Leave a Comment